ဩဂုတ် - ၆ ( ဗုဒ္ဓဟူးနေ့ )
အစ္စရေးတွေ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသတွင် ရုရှားသံတမန်ယာဉ်တစ်စီးအား အစ္စရေး အခြေချနေထိုင်သူများက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တိုက်ခိုက်ခဲ့ရာ စက်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ မနေ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ အဲ့ဒိဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံက အစ္စရေးကို သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။
သူမရဲ့ အဆိုအရ အဆိုပါဖြစ်ရပ်သည် ဂျေရုဆလင်မြို့မြောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာရှိ ရာမာလာမြို့အရှေ့ဘက် ဂျိဗတ်အာဆက် ဒေသတွင် တရားမဝင်အခြေချနေထိုင်တဲ့ အစ္စရေး အခြေချနေထိုင်ရာ အနီးတွင် ဇူလိုင် ၃၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အခြေချနေထိုင်သူတွေက ရုရှားသံတမန်တွေကို ခြိမ်းခြောက်အော်ဟစ်ခဲ့ပြီး အဲ့ဒါကို အစ္စရေးစစ်တပ်ဘက်က စွက်ဖက်ရန် ပျက်ကွက်မှုကို ပြစ်တင်ရှုတ်ချပါတယ် လို့ ဆိုပါတယ်။ “ ရုရှားသံတမန်တွေရဲ့ ကားကို အစ္စရေး သားတွေ တိုက်ခိုက်နေတာကို အစ္စရေး စစ်သားတွေက ဒီအတိုင်းရပ်ကြည့်နေပါတယ်” လို့ ပြောပါတယ်။
အဆိုပါယာဉ်သည် အစ္စရေးနိုင်ငံခြားရေးဌာနမှ အသိအမှတ်ပြုခံထားရတဲ့ ပါလက်စတိုင်းအာဏာပိုင်ထံသို့ သွားရောက်မယ့် ရုရှားသံတမန်မစ်ရှင်အဖွဲ့ဝင်များ လိုက်ပါလာခြင်းဖြစ်ကြောင်း မော်စကိုက ပြောကြားခဲ့ပါတယ်။
"ဒီဖြစ်ရပ်ဟာ သံတမန်ဆက်ဆံရေး ၁၉၆၁ ဗီယင်နာ ကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု တစ်ခုလို့ ကျမတို့ ယူဆပါတယ်" ဟု တဲ့လ်အဗစ်ရှိ ရုရှားသံရုံးက အစ္စရေးအာဏာပိုင်များထံ တရားဝင် မှတ်ချက်တစ်စောင် တင်သွင်းခဲ့ကြောင်း ဇာခါရိုဗာက ထည့်သွင်းပြောကြားသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment