ဩဂုတ် - ၆ ( ဗုဒ္ဓဟူးနေ့ )
အိန္ဒိယနိုင်ငံက ရုရှားရေနံစိမ်းများကို ဆက်လက်ဝယ်ယူနေခြင်းကြောင့် လာမည့် ၂၄ နာရီအတွင်း အိန္ဒိယမှ သွင်းကုန်များအပေါ် အခွန်တိုးကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က ပြောကြားလိုက်ပါတယ်။
အိန္ဒိယကတော့ သူတို့နိုင်ငံအပေါ် အမေရိကန်က ပစ်မှတ်ထားပြီး အခွန်တိုးကောက်နေတာက ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ဆိုကာ ရုရှား- အိန္ဒိယ အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံရေးကို ကာကွယ်ရန် အစီအမံများ လုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။ အိန္ဒိယက အမေရိကန်နဲ့ အီးယူတို့ရဲ့ ဝေဖန်မှုကို ပယ်ချပြီးနောက် တစ်ရက်အကြာမှာ အမေရိကန် ရဲ့ နောက်ဆုံးခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
သမ္မတ ဒေါနယ်ထရမ့်က ရုပ်သံဌာနတစ်ခုနဲ့ အင်တာဗျူးမှာ “အိန္ဒိယက ကုန်သွယ်ဖက်လုပ်လို့ကောင်းတဲ့ နိုင်ငံမဟုတ်ဘူး။ သူတို့နဲ့ ကုန်သွယ်ခွန်ကို ၂၅% ဆိုပြီး ညှိထားပြီးသား။ သူတို့နဲ့ကျနော်တို့က အလုပ်တွေ အများကြီး လုပ်နေရတယ်။ အခုတော့ သူတို့က ရုရှားဆီကနေ ရေနံတွေဆက်ဝယ်နေတယ်။ အဲ့ဒါက စစ်ပွဲကို လောင်စာဆီ လောင်းထည့်ပေးနေသလို ဖြစ်နေတယ်။ စစ်ရာဇဝတ်မှုတွေကို တိုးမြှင့်ပေးနေသလို ဖြစ်နေတယ်။ ဒါကြောင့် သူတို့အနေနဲ့ ရုရှားဆီက ရေနံဆက်ဝယ်နေဦးမယ်ဆိုရင်တော့ လာမယ့် ၂၄ နာရီအတွင်းမှာ ကုန်သွယ်ခွန်တွေကို ထပ်တိုးမယ်” လို့ ဆိုလိုက်ပါတယ်။
၂၀၂၄/၂၅ ဘဏ္ဍာနှစ်အတွင်းမှာ အိန္ဒိယနှင့် အမေရိကန်ကြား နှစ်နိုင်ငံကုန်သွယ်မှုက ကန်ဒေါ်လာ ၁၃၁.၈ ဘီလီယံအထိ ရှိပြီး နယူးဒေလီအတွက် ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၄၁.၁၈ ဘီလီယံရှိခဲ့ပါတယ်။ နယူးဒေလီ အစိုးရက အမေရိကန်သွင်းကုန်များအပေါ် အခွန်လုံးဝ ကင်းလွတ်ခွင့်ပေးရန် ကမ်းလှမ်းထားကြောင်း အဲ့ဒိအင်တာဗျုးမှာ ထရမ့်က ပြောပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment