နတ်မောက်မြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် သရုပ်ပြမဲပေးခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် သရုပ်ပြမဲပေးခြင်း အခမ်းအနားကျင်းပ




နတ်မောက်၊ ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် သရုပ်ပြမဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်သက်ဆုနှင်းက Myanmar Electronic Voting Machine (MEVM) စက်အသုံးပြု၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်ကို အချိန်တိုအတွင်း ရိုးရှင်းလွယ်ကူစွာ မဲပေးဆောင်ရွက်နိုင်ခြင်း၊ မိမိမဲပေးရွေးချယ်လိုက်သည့် အခြေအနေအား မျက်မြင်တွေ့ရှိရသည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ခြင်း၊ ပယ်မဲများ မရှိနိုင်တော့သည့် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ပြည်သူ့လွှတ်တော်မဲပုံး၊ အမျိုးသားလွှတ်တော်မဲပုံးနှင့် တိုင်းဒေသကြီးလွှတ်တော်မဲပုံး(၃)ပုံးအား တစ်ဦးချင်းစီ မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးမှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)