မန္တလေး၊ ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှတိုင်းဦးစီးမှူးများ၊ ခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများမှ ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် စာရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စပါးသီးနှံ နှင့် ဆီထွက်သီးနှံ ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း(၄) သွယ်သည် အဓိကကျပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်သော မြေဩဇာများ အချိန်မီ အချိုးကျ ထည့်သွင်းနိုင်ရေးအတွက် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးသည့် ယူရီးယားမြေဩဇာ နှင့် ကွန်ပေါင်းမြေဩဇာအိတ်များကို သက်သာသောနှုန်းထားဖြင့် တောင်သူများ လက်ဝယ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ကောက်စိုက်စက်များ၊လက်စွဲ ကောက်စိုက်စက်များ၊ လက်စွဲမျိုးစေ့ချကိရိယာတို့ဖြင့် တွင်ကျယ်စွာ အသုံးပြု သွားရန် လိုအပ်ပါကြောင်း၊ လက်စွဲမျိုးစေ့ချကိရိယာအား ကျေက်ဆည်မြို့ မြန်မာလယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှမှာယူဖြန့်ဖြူးရန် စီစဉ် ထားပြီးဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရန် ဒေသအလိုက် ပန်းတိုင် အထွက်နှုန်းထွက်ရှိနိုင်သည့်စိုက်ပျိုးမြေများကို စနစ်တကျရွေးချယ် စိုက်ပျိုး သွားရန်၊ ကောက်ကွက်ပြည့်မီရန်၊ ပညာရပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများတွင် တောင်သူများ ပိုမိုစိတ်ပါဝင်စားစွာလိုက်ပါ ဆောင်ရွက်လာကြရန် နှင့် နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီအောင် ထိရောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဦးစီးမှူးများနှင့် ခရိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများမှ ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးအတွက် ကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကရှင်းလင်းတင်ပြချက်များ၊ ဆွေးနွေးချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment