တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ချီးမြှင့်

 


တပ်ကုန်း၊ ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ငွေပေးအပ်ချီးမြင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ဦးစွာ  အမှတ်(၂)အခြေခံပညာအတန်းကျောင်းမှ  ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ချီးမြှင့် ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရေးငွေပဒေသာပင် ထိမ်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့်တာဝန်ရှိသူများက ဆေး၊ ဆေးဘက်ဆိုင်ရာ၊ သွားဘက်ဆိုင်ရာ၊ နည်းပညာ၊ ပညာရေး၊ စီးပွားရေးနှင့်စိုက်ပျိုးရေးတက္ကသိုလ်အသီးသီး တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၃ ဦး၊  နှစ်ဝက်စာအတွက်  ၄၅ သိန်း၊ ငါးသောင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)