ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် အစမ်းလေ့ကျင့်သရုပ်ပြမဲပေးနေမှု တာဝန်ရှိသူများ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် အစမ်းလေ့ကျင့်သရုပ်ပြမဲပေးနေမှု တာဝန်ရှိသူများ ကြည့်ရှုအားပေး

 





ရေး၊ ဩဂုတ် ၂၀

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း အစမ်းလေ့ကျင့်သရုပ်ပြမှုကို ယမန်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်(ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကိုလတ်က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကိုဆောင်ရွက်ခဲ့ရာ ရေးမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့်၊ ရေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ဌာနအလိုက် တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲပေးနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)