ပေါက်မြိုနယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ရိက္ခာများတင်ဆောင်လာသည့် ကာစီးရေ ၁၀၀ ကျော်ပါဝင်သော ရိက္ခာယာဉ်တန်းကြီး ပေါက်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ယနေ့ (သြဂုတ်လ ၂၀) ရက်နေ့ သတင်းတွေမှာ တွေ့မြင်ရပါတယ်။
အဆိုပါ ရိက္ခာယာဉ်တန်းကို တပ်မတော်စစ်ကြောင်းများ၊ ရဲအထူးကွန်မန်ဒိုစစ်ကြောင်းများ အနီးကပ်လုံခြုံရေးလိုက်ပါပြီး လမ်းကြောင်းတစ်လျှောက် (၈၄)ရက်ကြာ အတားအဆီးများကို ဖယ်ရှားဖြတ်ကျော်ခြင်း၊ အကြမ်းဖက်သမားများအား ချေမှုန်းရှင်းလင်းခြင်းတို့အား အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၂၀ ရက် (ယနေ့)တွင် ပေါက်မြိုသို ရောက်ရှိခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။
ဆိုတော့ ပေါက်မြို့နယ်အတွင်း အကြမ်းဖက်လှုပ်ရှားမှုအခြေအနေကို သိမြင်နားလည်နိုင်ပါတယ်။ ၂၀၂၃-၂၄ ကာလမှာ ပေါက်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အတိဒုက္ခရောက်နေရတဲ့ အခြေအနေများကို ဒေသခံများနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဆက်သွယ်ပြောဆိုကြတာတွေ ရှိပါတယ်။ ပေါက်မြို့နယ်နဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေကလည်း တင်ပြခဲ့ကြတာတွေ ရှိပါတယ်။ သို့သော်လည်း ဒေသခံပြည်သူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရာ တာဝန်ရှိသူတွေမှာ စီစဉ်ရ ခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်ပါလိမ့်မယ်။
လေယာဉ်နဲ့ ရိက္ခာသွားချပေးရင်လည်း ရိက္ခာက လိုအပ်နေတဲ့ ဒေသခံတွေထံ မရောက်ဘဲ အကြမ်းဖက်အဖွဲ့ထဲ ရောက်သွားတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ တချို့ကျေးရွာတွေက ဆက်သွယ်ပြောဆိုရာမှာဆိုရင် ဆေးဝါး၊ ဆား ပြတ်လပ်နေတဲ့ အခြေအနေမျိုးအထိ ကြားသိရတာမျိုးတွေ ရှိပါတယ်။
တကယ်တော့ တပ်မတော်က ဆောင်ရွက်ရင် ဘာမဆို မရဘူးဆိုတာ မရှိဘူး။ အခက်အခဲ အတားအဆီးတွေ ရှိနေရင်လည်း ခြေမှုန်းသုတ်သင်ပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ လုပ်ဆောင်ရမှာပဲ မဟုတ်ပါလား။
ယနေ့အချိန်မှာတော့ စီမံကွပ်ကဲမှုပုံစံ ပြောင်းလဲသွားပြီလို့ မှတ်ယူရမလား၊ ဒေသခံ ပြည်သူများ ကြုံတွေ့နေရတဲ့ အခက်အခဲကို အတားအဆီး၊ အနှောက်အယှက်များကြားကနေ အရောက်သွားခဲ့ကြတယ်။ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ဝမ်းပန်းတသာကြိုဆိုနေတဲ့ ပုံရိပ်တွေကိုလည်း မြင်တွေ့ရပါတယ်။
ကိုယ့်ဒုက္ခ ကိုယ်သာသိ ဆိုသလို ရိက္ခာပို့ ယာဉ်တန်းက ရဲအထူးကွန်မန်ဒိုတွေကို ဖက်ပြီး အမေအိုတွေက ငိုနေတာကို မြင်တွေ့ရတယ်။ ဒါက တပ်မတော်သားတွေ၊ ရဲအထူးကွန်မန်ဒိုတွေကို ကျေးဇူးတင်လွန်းလို့ ကျတဲ့ မျက်ရည်ဖြစ်ပါလိမ့်မယ်။ ဆေးဝါးမရှိ၊ ဆားမရှိ အကြမ်းဖက်ဘေးအန္တရာယ်တွေကို ကြောက်လန့်နေရတဲ့ ဒေသခံ အမေအိုတွေကို အားပေးနှစ်သိမ့်နေကြပုံက အသက်ပါပဲ။
ပေါက်မြို့နယ်အတွင်းက တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများက ဒီလိုအခြေအနေမျိုး မျှော်လင့်နေတာ ကြာပါပြီ။ တပ်မတော်သားများနှင့် ရဲတပ်ဖွဲဝင်များကိုလည်း ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်။
https://t.me/MyanmarNationalPost









No comments:
Post a Comment