ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဩဂုတ် (၁၈)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်း ကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန် အကွက်အမှတ် A27 ရှိ SUPER SEVEN STARS AGRI-TECH CO.,LTD ၏ ခြံတွင် ဥစားကြက် အကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုနှင့် ခြံတိုးချဲ့ တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန် စသည်တို့ကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ တိုက်ကြီးမွေးမြူရေးဇုန်အတွင်း လုပ်ကွက်အလိုက် မွေးမြူရေးခြံများ တည်ဆောက်နေသည့် အခြေအနေများအား လည်းကောင်း၊ ရေလှောင်တမံ ဧရိယာနှင့် ဆက်စပ်သောနေရာများ တွင် ငါးမွေးကန်နှင့် ဘဲခြံများ တည်ဆောက်နေမှု အခြေအနေများအား လည်းကောင်း၊ တိုက်ကြီး မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ် ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု အခြေအနေ အား လည်းကောင်း၊ တမံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment