သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ အောင်မြင်ရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ အောင်မြင်ရေး ဆောင်ရွက်


နေပြည်တော်၊ ဩဂုတ် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန အရာထမ်းများနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သင်တန်းခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ခရိုင်ဦးစီးမှူးများ၊ ခြံတာဝန်ခံများနှင့် သုတေသနဓာတ်ခွဲခန်း တာဝန်ခံများ၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ စိုက်ပျိုးပညာပေးရေးနှင့် စီမံကိန်းတာဝန်ခံများ၊ ရုံးချုပ်ဌာနခွဲများမှ အရာထမ်းများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအပါအဝင် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒပိုင်းနှင့် ဝန်ထမ်းများအကြား ဆက်စပ်စီမံရသော အရာထမ်းများအနေဖြင့် မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်အလေ့အကျင့်ကောင်းများ မြင့်မားသည့်စွမ်းအင်အဖြစ်သို့ အသွင်ကူးပြောင်းကာ လုပ်ဖော်ကိုင်ဖက်များအချင်းချင်း၊ ဌာနအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ လုပ်ငန်းများ အောင်မြင်ပြီးမြောက်စေရေးနှင့် မိမိနယ်ပယ်၊ မိမိဌာနဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်သည့် ဂုဏ်ယူဖွယ်စွမ်းဆောင်နိုင်သူများ ဖြစ်လာစေရေး အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)