နှစ်ပေါင်း (၁၂၅)နှစ် သက်တမ်းရှိပြီဖြစ်သည့် ကမ္ဘာကျော် ဂုတ်ထိပ် မီးရထားလမ်း တံတားအား အကြမ်းဖက် ပြည်ဖျက် TNLA ပလောင်သောင်းကျန်းသူအဖွဲ့နှင့် NLDပါတီမှ ပေါက်ပွားလာသော ပြည်ပသြဇာခံ NUG, CRPH တို့၏ လက်ဝေခံ အကြမ်းဖက် ပြည်ဖျက် PDF အဖွဲ့များမှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်
ရက်စွဲ။ ။၁၃၈၇ ခုနှစ် တော်သလင်းလဆန်း (၄)ရက်
၂၀၂၅ ခုနှစ် သြဂုတ်လ (၂၆) ရက် အဂ်ါနေ့
စာအမှတ်။ ။ ၂၂ / မ မ ရ သ / ၂၀၂၅
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေကြသည့် ပြည်ပ သြဇာခံ NLDပါတီမှပေါက်ပွားလာသော NUG, CRPH, PDF အကြမ်းဖက်အုပ်စုများအား ခုတုံးလုပ်၍ နိုင်ငံရေးအမြတ်ထုတ်နေကြသည့် အကြမ်းဖက် TNLA ပလောင် လက်နက်ကိုင်အဖွဲ့များသည် ရှမ်းပြည် နယ် (မြောက်ပိုင်း)၏ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး လားရှိုး မီးရထား လမ်းပိုင်း၏ အဓိက အရေးပါသော ရှေးဟောင်းသမိုင်းဝင် ကမ္ဘာကျော်ဂုတ်ထိပ်တံတားအား ၂၄. ၈. ၂၀၂၅ တနဂ်နွေနေ့ တွင် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။
၂။ ပြည်ထောင်စုစိတ်ဓာတ် ကင်းမဲ့နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူ သူပုန်အဖွဲ့ များသည် ပြည်ပသြဇာခံ NLD ပါတီမှ ပေါက်ပွားလာသော NUG, CRPH, PDF အကြမ်းဖက် ပြည်ဖျက် မိစ္ဆာများအား အကြမ်းဖက်သင်တန်းပေးပြီး လက်နက်များ ကူညီထောက်ပံ့ကာ ပြည်ထောင်စုဖွား တိုင်းရင်း သားအချင်းချင်းကို သတ်ဖြတ်ရန် စေခိုင်းရုံမျှမက ပြည်သူလူထု၏ အခွန်ခများဖြင့် တည်ဆောက်ထားသော အဆောက်အဦ၊ မီးရထားလမ်း၊ ကားလမ်းများနှင့် တံတားအဆင်းပေါင်းများစွာကို မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးနေခဲ့ကြသည်မှာ အားလုံး မြင်တွေ့ ကြားသိနေကြသည်။
၃။ ငါနဲ့မတူ ငါ့ရန်သူ ငါတို့လုပ်ရပ်ကို မထောက်ခံသူ ငါ့ရန်သူဟူသော အောက်တန်းကျသည့် လုပ်ရပ်များ ကြောင့် နိုင်ငံဝန်ထမ်းပေါင်းများစွားနှင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် သီလရှင်များ အပြစ်မဲ့ ပြည်သူ မျာ စွာ နေ့စဉ်နှင့်အမျှ ယခုအချိန်ထိ သတ်ဖြတ်နေခဲ့ကြသည်။
၄။ ယခုအခါ နှစ်ပေါင်း (၁၂၅)နှစ် ရှိသည်ဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် ကမ္ဘာကျော် ဂုတ်ထိပ်မီးရထား လမ်းတံတားအား ထပ်မံမိုင်းထောင် ဖျက်ဆီးခဲ့မူအပေါ် အဖွဲ့အစည်းပေါင်းများစွာက ကန့်ကွက်ရှုတ်ချ ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်၍ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လျက်ရှိသည်ကို တွေ့မြင်ရသည်။ ပြည်ပသြဇာခံ NLD ပါတီမှပေါက်ပွားလာသော NUG, CRPH, PDF အကြမ်းဖက် ပြည်ဖျက်မိစ္ဆာ အဖွဲ့အားလုံးနှင့် TNLA ပလောင်သောင်းကျန်သူ အကြမ်းဖက်သူပုန်အဖွဲ့၏ ယုတ်မာရိုင်းစိုင်းသော အဖျက်အမှောင့် လုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) မှ သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)
https://t.me/MyanmarNationalPost

No comments:
Post a Comment