ရက်စွဲ။ ။ ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၂၆)ရက်
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ပြည်ပသြဇာခံ ပြည်ဖျက်ပါတီ NLD သည် မဲလိမ်မဲခိုးမှု များကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် (၂၀၂၁)ခုနှစ်မှ စတင်၍ ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများ၏ အကူအညီဖြင့် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်များကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါသည်။
၂။ ပြည်ဖျက်ပါတီ NLD မှ ပေါ်ပေါက်လာသော ပြည်ပြေး ဝရမ်းပြေး NUG, CRPH အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များသည် KNU, KIA, TNLA, AA, KNPP အစရှိသော လက် နက်ကိုင် သောင်းကျန်းသူများနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ သတ်ဖြတ် ခြင်း၊ အခြေခံအဆောက်အဦ၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း အစရှိသည့် အဖျက် အမှောင့် လုပ်ရပ်များကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။
၃။ ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို - ကျောက်မဲ ကြားရှိ သမိုင်းဝင် ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို TNLA/PDF အကြမ်းဖက်အဖွဲ့များက ပြင်းထန်သော ဖောက်ခွဲ ရေးပစ္စည်းများကို အသုံးပြုပြီး ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ဆိုးရွားစွာ ပျက်စီးခဲ့ရပါသည်။ အကြမ်းဖက် TNLA အဖွဲ့အနေဖြင့် အများပြည်သူ လက်ခံနိုင်ခြင်းမရှိသည့် အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ပြီးနောက် ပြည်ဖျက်မီဒီယာများနှင့် ဆက်သွယ်၍ အဆိုပါ လုပ်ရပ်ကို မြန်မာ့တပ်မတော်က လုပ်ခဲ့သယောင် လိမ်ညာ ဝါဒဖြန့်၍ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ကို တွေ့ရပါ သည်။
၄။ နိုင်ငံတော်အကြီးအကဲများအနေဖြင့် ပြည်ဖျက်ပါတီ NLD မှ ပေါ်ပေါက်လာသော NUG, CRPH, PDF အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ KNU, KIA, TNLA, AA, KNPP အစရှိသော သောင်းကျန်းသူအဖွဲ့များ၏ ဆိုးသွမ်းယုတ်မာရိုင်းစိုင်းလွန်းသော အဖျက်အမှောင့် လုပ်ရပ်များကို ကာလ ရှည်ကြာ တွေ့မြင်ခဲ့ရပြီး ဖြစ်ရာ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုထိရောက် ပြင်းထန်စွာ လက်နက်ကိုင် အကြမ်းဖက် စခန်းများ၏ ပင်မ (ဌာနချုပ်) စခန်းများကို အမြန်ဆုံး ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန် တောင်းဆိုသည်။
၅။ ပြည်ဖျက်ပါတီ NLD မှ ပေါ်ပေါက်လာသော ပြည်ပြေး ဝရမ်းပြေး NUG, CRPH အကြမ်းအဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ပြီး လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိနေသည့် လူငယ်များကို ဥပဒေဘောင်အတွင်း ဝင်ရောက် နိုင်ရန် အစဉ်သဖြင့် လမ်းဖွင့်ပေးထားပြီး ဖြစ်ပါသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများရှိသကဲ့သို့ တချို့သော ငမိုက်သားများမှာ ဆက်လက်မိုက်လုံးထွားနေဆဲ ဖြစ်သည်ကို ကမ္ဘာကျော် ဂုတ်ထိပ်တံတား ကြီးအား မိုင်းခွဲဖျက်ဆီးလိုက်သည့် ဖြစ်စဉ်က မျက်ဝါးထင်ထင် သက်သေခံလျက်ရှိပါသည်။ သို့ပါ၍ TNLA, PDF အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ် ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များကို ပိုမိုထိရောက် ပြတ်သားစွာ ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန် အနူးအညွတ်မေတ္တာရပ်ခံ တောင်းဆိုသည်။
မြန်မာ့အမျိုးသားရေးကွန်ရက်
https://t.me/MyanmarNationalPost

No comments:
Post a Comment