အကြမ်းဖက် AA စခန်း ၁ ခု သိမ်းပိုက်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက် AA စခန်း ၁ ခု သိမ်းပိုက်ရရှိ






ကျောက်ဖြူ၊ စက်တင်ဘာ ၂၁

ကျောက်ဖြူမြို့နယ်၊ စစ်တောလမ်းဆုံအနီးတွင် စက် ၂၀ ရက်နေ့က နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် AA အဖွဲ့တို့  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် AAအဖွဲ့၏ စခန်းနေရာအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 

ထိတွေ့မှုဖြစ်စဉ်အတွင်း အကြမ်းဖက် AA ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၀၀ ခန့်၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ ဆသရမြောင်း ၂၀၀ ပေခန့်၊ သဲအိတ်ဘန်ကာ ၄ လုံး၊ ပစ်ကျင်း ၁၅ ကျင်း၊ ရှော့တိုက်ဘတ္ထရီ ၄ လုံး၊  လူနေတဲ ၂ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။

ရခိုင်ဒေသံပြည်သူများအနေဖြင့် အကြမ်းဖက် AA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အတိဒုက္ခရောက်ခဲ့ရပြီး အကြမ်းဖက်ဘေးရှောင်ပြည်သူများအနေဖြင့် ဧရာဝတီ၊ ရန်ကုန်တို့ကို ထွက်ပြေးတိမ်းရှောင် နေကြရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)