သံဖြူဇရပ်မြို့နယ်၌ (၅၀)ကြိမ် မြောက်ဆန်ဆွမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၌ (၅၀)ကြိမ် မြောက်ဆန်ဆွမ်းလောင်းလှူပွဲ ကျင်းပ



သံဖြူဇရပ်၊ စက်တင်ဘာ ၂၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသီလာစာရ အမှူးရှိသည့် ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ဥပထမ္ဘကအဖွဲ့တို့မှ (၅၀) ကြိမ် မြောက်ဆန်ဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ   ဆန်ဆွမ်းလောင်းလှူပွဲကို  ကျောင်းပိုင်းရပ်ကွက်ရှိ၊    မြို့လယ်ကျောင်းပရိယတ္တိစာသင်တိုက် သံဃာစုရပ်မှ စတင်ထွက်ခွာ၍ သံဖြူဇရပ်မြို့ပေါ် ရပ်ကွက် ၈ ရပ်ကွက်သို့ လှည့်လည်ကြွရောက်တော်မူရာ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။

အဆိုပါ ဆီဆွမ်းလောင်းလှူပွဲကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၉၀) ကျောင်းနှင့် သီလရှင်ကျောင်း (၂၀)ကျောင်း၊ စုစုပေါင်း(၁၁၀)ကျောင်းမှ သံဃာအပါး (၁၄၀၃) သီလရှင်အပါး (၄၀၀) စုပေါင်း (၁၈၀၃) ပါးအား လောင်းလှူခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)