မြောက်ဥက္ကလာပမြို့နယ်၌ ဧကာဒသမအကြိမ် လေးမြိုင် ဓမ္မပူဇာစာပေဆုချီးမြှင့်ပွဲ ၊ ဓမ္မဝါဒ ဖော်ဆောင်ရေးအဖွဲ့၏ ဒသမအကြိမ် ထေရဝါဒစာမူပြိုင်ပွဲဆုရစာမူများ ဆုပေးပွဲ နှင့် စာရေးဆရာကြီး(ဦး)လေးမြိုင် ၏ အသက် ၁၀၁ နှစ် ဂုဏ်ပြုကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ဧကာဒသမအကြိမ် လေးမြိုင် ဓမ္မပူဇာစာပေဆုချီးမြှင့်ပွဲ ၊ ဓမ္မဝါဒ ဖော်ဆောင်ရေးအဖွဲ့၏ ဒသမအကြိမ် ထေရဝါဒစာမူပြိုင်ပွဲဆုရစာမူများ ဆုပေးပွဲ နှင့် စာရေးဆရာကြီး(ဦး)လေးမြိုင် ၏ အသက် ၁၀၁ နှစ် ဂုဏ်ပြုကန်တော့ပွဲ ကျင်းပ










မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ဧကာဒသမအကြိမ် လေးမြိုင် ဓမ္မပူဇာစာပေဆုချီးမြှင့်ပွဲ ၊ ဓမ္မဝါဒ ဖော်ဆောင်ရေးအဖွဲ့၏ ဒသမအကြိမ် ထေရဝါဒစာမူပြိုင်ပွဲဆုရစာမူများ ဆုပေးပွဲ နှင့် စာရေးဆရာကြီး(ဦး)လေးမြိုင် ၏ အသက် ၁၀၁ နှစ်ဂုဏ်ပြုကန်တော့ပွဲကို  ယနေ့  နံနက် ၁၀ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသောဆရာတော်သံဃာတော်အရှင်သူမြတ်များ  ၊ စာရေးဆရာ ၊ ဆရာမများ ၊ ဖိတ်ကြားထား သော ဧည့်သည့်တော်များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး  နာယကဆရာ တော် အရှင်ကောဝိဒ(ယော)က အမှာစကားမြွတ်ကြားခဲ့သည်။ ထို့နောက် နာယကဆရာတော်များအား ဓမ္မပူဇာ၀တ္ထု အလှူငွေ ၊ ဓမ္မပူဇာစာပေဆု  နှင့် ဓမ္မဝါဒ ဖော်ဆောင်ရေးအဖွဲ့၏ ဒဿမအကြိမ် ထေရဝါဒစာမူပြိုင်ပွဲ ဆုရသူများကို  အလှုရှင် အသီးသီးက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဓမ္မပူဇာစာပေဆုရှင်များကိုယ်စား ဆရာတော် သုန္ဒရ၀င်း(ချောင်းဦး)က အနုမောဒနာ စကားချီးမြှင့်ကာ ဓမ္မ စာမူ ပြိုင်ပွဲဆုရရှိသူများ ကိုယ်စား ဆရာ အောင်အောင်ဇော် (လှိုင်သာယာ)က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ယင်း‌‌နောက် ဆရာကြီး(ဦး)လေးမြိုင်အား ကြွရောက်လာကြ သော ဓမ္မမိတ်ဆွေ ၊ စာပေ မိတ်ဆွေများက  ဩကာသ ရှိခိုး ကန့်တော့ခဲ့ကြရာ ဆရာကြီးက  ဆုပေးစကားမြွတ်ကြားခဲ့ပြီး အမျှပေးဝေခဲ့ကြကာ  ဆရာကြီး(ဦး)လေးမြိုင်အား နိုင်ငံ ကျော် တယော ဦးတင်ဌေး ဦးဆောင်သော လင်းရောင်သစ် တေးဂီတအဖွဲ့က အက ၊ အလှ ၊ ဂီတတို့ဖြင့် ကပြဖျော် ဖြေ ကန်တော့ခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)