ဘားအံ ၊ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ် (Billboard) စိုက်ထူခြင်းအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့က ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံအားကစားရုံ၊ အမှတ် (၂) ရပ်ကွက် ရွှေရင်မျှော်သံလွင်မြစ်ကူး စက်လှေဆိပ်၊ အမှတ်(၇) ရပ်ကွက် ကမ်းနားလမ်းနှင့် စောစံစီဖိုးလမ်းထောင့်အနီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့နှင့် အမှတ် (၈) ရပ်ကွက် ကမ်းနားလမ်း အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Billboard တွင် ၂၀၂၅ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄) ရပ်၊ လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး သတင်းပေးပို့နိုင်သည့် ဖုန်းနံပါတ်များပါဝင်သော ၁၀ ပေ၊ ၈ ပေ အရွယ်အစားရှိ ဆိုင်းဘုတ် (Billboard) များအား တာဝန်ရှိသူများက အမွှေးနံ့သာရည်ပက်ဖျန်း၍ စိုက်ထူခဲ့ကြောင်း သိရသည်။
အသိပညာပေး Billboard စိုက်ထူခြင်းအခမ်းအနားသို့ ဘားအံခရိုင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်လွင်နှင့် ခရိုင်အဆင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment