ဟင်္သာတမြို့နယ် တလုတ္ထော်မြို့တွင် တောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ် တလုတ္ထော်မြို့တွင် တောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲပြုလုပ်






ဟင်္သာတ၊ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ တလုတ္ထော်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ၂၀၂၅-၂၀၂၆ မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများ အား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် မြို့နယ် စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများ အဆင်ပြေစေရန်နှင့် ဓာတ်မြေဩဇာများအသုံးပြုပြီး မိုးစပါး ပန်းတိုင်အထွက်နှုန်း တိုးစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တလုတ္ထော်မြို့အတွင်းရှိ ကျေးရွာအုပ်စု(၁၈)အုပ်စုတို့မှ တောင်သူများအတွက် “ဩဘာယူရီးယား”ဓာတ်မြေဩဇာ (၈၀၅)အိတ်၊ “ဩဘာကွန်ပေါင်း”ဓာတ်မြေသြဇာ (၁၂၇)အိတ် စုစုပေါင်းသွင်းအားစုဓာတ်မြေဩဇာ (၉၃၂)အိတ် တို့ကို ဥက္ကဌနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ လက်ရောက်ပေးအပ်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)