မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲအခမ်းအနား တက်ရောက်



မော်လမြိုင်  ၊ စက်တင်ဘာ ၄

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲအခမ်းအနားအကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်များအလိုက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြည်နယ်၏ အဓိကကဏ္ဍကြီးဖြစ်သည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍတို့ကို အထူးအလေးထားဆောင်ရွက်ကြရမည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးကဏ္ဍတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် ကဏ္ဍအလိုက် ရန်ပုံငွေများကို ချထားဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နှစ်စဉ်ချထားပေးသည့် နိုင်ငံတော်ရန်ပုံငွေများကို အကျိုးရှိစွာဖြင့် အသုံးချပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီး အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးလွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားမှုများ မရှိစေရေးကြိုတင်ဆောင်ရွက်ထားကြရမှာဖြစ်ပြီး ဌာနဆိုင်ရာများ၏ မြေပိုင်ဆိုင်မှုလုပ်ငန်းများကိုလည်း နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ဌာနများ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ကဏ္ဍအလိုက် ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အောင်မြင်အောင်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)