ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများ ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများ ဆက်လက်ကျင်းပ



ချမ်းမြသာစည်၊ စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁၃)  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ချယ်ရီစူပါစိမ်းခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  ယမန်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်မှ မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ ကျင်းပမည့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်‌ထရောနစ် မဲပေးစက်လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဆွေက မြို့နယ်မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ PowerPoint ဖြင့် ရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက် အသုံးပြု၍ မဲ‌ပေးပုံနည်းစနစ်များအား လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းကိုယ်တိုင် စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မဟာအောင်မြေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၂) ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂)ဦးတင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်အဖွဲ့ဝင်များနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အ‌ဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား (၄၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ချမ်းမြေ့(ချမ်း/စည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)