ကျောက်မဲမြို့နယ်အတွင်း အကြမ်းဖက် TNLA အဖွဲ့၏စခန်းကုန်းများ သိမ်းပိုက်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲမြို့နယ်အတွင်း အကြမ်းဖက် TNLA အဖွဲ့၏စခန်းကုန်းများ သိမ်းပိုက်ရရှိ




နေဝန်းနီစစ်ကြောင်းများက ကျောက်မဲမြို့နယ်၊ ဖိတက်ဒေသရှိ အကြမ်းဖက် TNLA စခန်း ၂ ခုအား ယနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းအချိန်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက် TNLA အဖွဲ့ ဆုတ်ခွာရာနောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းနေဆဲဖြစ်ပြီး အဆိုပါ စခန်း ၂ မှ လက်နက်ခဲယမ်းများနှင့် အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများလည်း ရှိသည်။

TNLA/ PDF အကြမ်းဖက်အဖွဲ့များသည် နောင်ချိုမြို့မှ ဆုတ်ခွါထွက်ပြေးရပြီးနောက် နောင်ချို - ကျောက်မဲ ကြားရှိ ဂုတ်တွင်းတံတား ၂စင်းကို မိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးကိုလည်း မိုင်းခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ကျောက်မဲမြို့နယ်အတွင်း ခြေကုပ်ယူ၍ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် တပ်မတော်က လိုက်လံနှိမ်နင်းနေရခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)