ဟင်္သာတ၊ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အစီအစဉ်အနေဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်၍ ခရိုင် /မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဟင်္သာတမြို့ ကနောင်စုရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ပေးခဲ့သည်။
သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အစီအစဉ်အနေဖြင့် အဘိုး (၈) ဦး၊ အဘွား (၂၉) ဦး စုစုပေါင်း (၃၇)ဦးကို နှလုံး၊ သွေးတိုးနှင့် ဆီးချိုရောဂါများ အခမဲ့ စစ်ဆေးကုသခြင်း၊ သွားကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပြီးနောက် အဘိုးအဘွားများအား Chair Exercise လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment