ပြင်သစ်သမ္မတ မာခရွန်အစိုးရကို ပြင်သစ်သားတွေ အယုံအကြည်မရှိကြတော့ဘူးလို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်သစ်သမ္မတ မာခရွန်အစိုးရကို ပြင်သစ်သားတွေ အယုံအကြည်မရှိကြတော့ဘူးလို့ ဆို


စက်တင်ဘာ - ၄ ( ကြာသပတေးနေ့ ) 

Le Figaro မဂ္ဂဇင်း  ကောက်ယူပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ စစ်တမ်းအသစ်အရ ပြင်သစ်သမ္မတ အမ်မန်နျူရယ် မာခရွန်ကို ထောက်ခံတဲ့လူအရမ်းနည်းသွားပြီလို့ သိရပါတယ်။ ၂၀၁၇ခုနှစ် အာဏာရပြီးကတည်းကနေ ဒီနေ့အချိန်အထိ သူ့ကို ထောက်ခံမှုစစ်တမ်းမှာ အနိမ့်ဆုံးဖြစ်သွားပါတယ်။ လက်ရှိလုပ်ထားတဲ့ စစ်တမ်းအရ သူ့ကို ထောက်ခံသူက ၁၅% ကျော်ကျော်သာရှိပြီး ၈၀% က သူ့ကို မယုံကြည်ကြောင်း သိရပါတယ်။ 

စစ်တမ်းမှာ ပါဝင်သူ ဆယ်ယောက်မှာ ရှစ်ယောက်လောက်က သူ့ရဲ့ခေါင်းဆောင်မှုအပေါ် အဆိုးမြင်တဲ့အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ကြပြီး တစ်ယောက်က ရှင်းရှင်းလင်းလင်း အဖြေမပေးခဲ့ပါဘူး။ လောင်စာဆီခွန်နဲ့ စီးပွားရေး မညီမျှမှုတွေကြောင့် ၂၀၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အဝါရောင်အင်္ကျီလက်ပြတ် ဆန္ဒပြပွဲတွေ၊ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေတုန်းကထက် သူ့ကိုထောက်ခံမှုက ပိုနည်းသွားပါတယ်။

ဝန်ကြီးချုပ် ဖရန့်ဆွာ ဘေရူ လည်းပဲ စစ်တမ်းတွင် ပိုမိုကောင်းမွန်ခြင်းမရှိခဲ့ဘဲ သူ့အပေါ်ယုံကြည်မှုမှာလည်း စံချိန်တင်ကျဆင်းသွားခဲ့ပါတယ်။ ၁၄ % က သူ့ကို ယုံကြည်တယ်လို့ ပြောကြပြီး ၈၂% က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးကတည်းက သူ့ရဲ့ အညံ့ဆုံးရလဒ်တွေကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံရဲ့ တိုင်ပြည်စုစုပေါင်း ဝင်ငွေ GDP ရဲ့  ၅.၈ % က ဘတ်ဂျက်လိုငွေပြမှု ဖြစ်နေပြီး အငြင်းပွားဖွယ်ခြိုးခြံခြွေတာရေး အစီအစဉ်က အဝေဖန်ခံနေရပါတယ်။ 

ငွေကြေးဖောင်းပွမှုကြောင့် အစိုးရကဏ္ဍဆိုင်ရာ အလုပ်အကိုင်များကို ဖြတ်တောက်ခြင်း၊ အစိုးရရုံးပိတ်ရက် နှစ်ရက်ကို ဖျက်သိမ်းခြင်းနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးသုံးခြင်းတို့ကြောင့် မာခရွန်အစိုးရကို လူထုထောက်ခံမှု လျော့ကျလာတာဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရသည် လူမှုဖူလုံရေးထက် စစ်အသုံးစရိတ်ကို ဦးစားပေးနေတယ် လို့ လက်ဝဲယိမ်း ပါတီများက စွပ်စွဲထားပါတယ်။ 

လက်ယာယိမ်း အတိုက်အခံ ခေါင်းဆောင် ဂျော်ဒန်ဘာဒယ်လာ က စစ်တမ်းရဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး ရှေးရိုးစွဲဝါဒီများသာမက လက်ဝဲဝါဒီများနှင့် ဗဟိုဝါဒီများ၏ ထောက်ခံအားပေးမှုများကိုပါ ရရှိခဲ့ကြောင်း စစ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)