ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Harbin Institute of Technology နှင့် Harbin Electric Corporation သို့သွားရောက်ကြည့်ရှုလေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Harbin Institute of Technology နှင့် Harbin Electric Corporation သို့သွားရောက်ကြည့်ရှုလေ့လာ







နေပြည်တော်၊ စက်တင်ဘာ  ၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပေကျင်းမြို့၊ Beijing Capital International Airport မှနေ၍ ဟာပင်းမြို့သို့ ထွက်ခွာကြရာ လေဆိပ်တွင် ပေကျင်း မြူနီ စီပယ်အစိုးရမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော် နံနက် ၉ နာရီခွဲ တွင် ဟာပင်း မြို့၊ Taiping International Airport သို့ရောက်ရှိကြရာ တရုတ်အစိုးရမှ ဒုတိယဝန်ကြီး အဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို နှုတ် ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Harbin Institute of Technology သို့သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် Harbin Institute of Technology Harbin Institute of Technology ဥက္ကဋ္ဌ Mr. Han Jie Cai နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် တက္ကသိုလ်ပြတိုက်အတွင်း ၌ တက္ကသိုလ်၏ မိတ်ဆက် ဗီဒီယို အားကြည့်ရှုကြသည်။ ထို့နောက် အာကာသပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မစ်ဇိုင်းများ ထုတ်လုပ်ခဲ့မှု၊ ဒုံးပျံများ ၊ ဂြိုလ်တုများ သုတေသနပြုတီထွင်ထုတ်လုပ်ခဲ့မှု၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နျူကလီးယားဗုံးနှင့် ဟိုက်ဒရိုဂျင်ဗုံးများ စမ်းသပ် တီထွင်အောင်မြင်ခဲ့မှု၊ ကဏ္ဍအလိုက် ဂြိုလ်တုများ တီထွင်ထုတ်လုပ်လွှတ်တင်ခဲ့မှု၊ အာကာသပိုင်းဆိုင်ရာ အောင်မြင်မှုများ၊ လကမ္ဘာသို့ ဆင်းသက်မှုပြခန်း၊ အာကာ သယာဉ်များလွှတ်တင်ခဲ့မှု၊ တရုတ်နိုင်ငံမှ ပေါ်ထွန်းခဲ့သည့် အာကာသပညာရှင် များပြခန်းတို့အားလှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းပြသမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြောကြားပြီး Harbin Institute of Technology နှင့် မြန်မာနိုင်ငံ အကြား အာကာသဆိုင်ရာ နည်းပညာများ မျှဝေနိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေးပြော ကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က Harbin Institute of Technology ၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ထံ Harbin Institute of Technology ၏ ဥက္ကဋ္ဌ က အာကာသစခန်းပုံစံငယ်အား အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကာ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ညနေပိုင်းတွင် Harbin Electric Corporation သို့သွားရောက် လေ့လာ ကြရာ Harbin Electric Corporation မှ တာဝန်ရှိသူများက ကြိုဆို နှုတ် ဆက်ကြသည်။

ထို့နောက် ကုမ္ပဏီပြခန်းအတွင်း ကုမ္ပဏီ၏ မိတ်ဆက်ဗီဒီယိုကိုကြည့်ရှု ကြပြီး ပြခန်းအတွင်းခင်းကျင်းပြသထားသည့် ရေအားလျှပ်စစ်သုံးဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအားလျှပ်စစ်သုံးဓာတ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် လိုအပ်သည့် ဂျင်နရေတာများ နှင့် ဆက်စပ် ပစ္စည်းကိရိယာများ ထုတ်လုပ်လျက်ရှိမှု၊ Green Power Energy ထုတ်လုပ်ခြင်းများ ဖြစ်အောင်ဆောင်ရွက်လျက်ရှိမှု၊ အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်ခြင်းလုပ် ငန်းများအား ဆေင်ရွက်လျက်ရှိမှုများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် စက်ရုံအတွင်း Ai စနစ်အသုံးပြု၍ စက်ပစ္စည်းကိရိယာများ ထုတ် လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေ အနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် စက်ရုံမှ တာဝန်ရှိသူတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)