တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်





ထားဝယ်၊ စက်တင်ဘာ ၈

“ဒစ်ဂျယ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ တနင်္သာရီ တိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စေတနာပန်းတို့ လန်းရာမြေ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၂၀၂၅ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့သည်  UNIESCO အဖွဲ့ကြီး၏ဦးဆောင်မှုနှင့်ကမ္ဘာ့ စာတတ်မြောက်ရေးကွန်ဂရက်မှ စက်တင်ဘာလ (၈) ရက်နေ့ကို နိုင်ငံတကာစာတတ် မြောက်ရေးနေ့ (International Literacy Day) အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၆၆ ခုနှစ်မှ စတင်၍ ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊  လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်စေရန် လိုအပ်သော အသိပညာနှင့်အရည်အချင်းများကို မြှင့်တင်ရန်အတွက် စာတတ်မြောက်မှုစွမ်းရည်သည် မရှိမဖြစ်လိုအပ်ကြောင်း၊ ယနေ့ ၂၁ ရာစုကာလသည် ပညာခေတ်ဖြစ်သည့် အားလျော်စွာ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတို့ဖြင့် လူ့ဘောင်သစ်ကို တည်ထောင်ကြသည့်ကာလတွင် လူတိုင်းစာတတ်မြောက်ရေးသည် အရေးကြီးကြောင်း၊  နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်း KG+9 (အလယ်တန်းအဆင့်) ပညာပြီး ဆုံးသည်အထိ သင်ကြားနိုင်ရေး၊ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်သူများ ဖြစ်လာစေရန် ဦးတည်လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များ မိမိပတ်ဝန်းကျင်ရှိ ကလေးများ ပညာသင်ယူမှု အခွင့်အရေး မဆုံးရှုံးစေရန် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေး ဦးစီးဌာနနှင့် ချိတ်ဆက်ပြီး ကျောင်းပြင်ပပညာရေးအစီအစဉ်တွင် ကျောင်းပြင်ပမူလတန်း ပညာရေးကို အခြေစိုက်စခန်း (၉)ခု ဖွင့်လှစ်ခဲ့ပြီး မူလတန်းအဆင့်အား Level-1 တွင် (၁၂၈၈) ဦး၊ Level-2 တွင် (၃၃၃) ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၁၆၂၁)ဦး၊ အလယ်တန်းအဆင့်အားLevel 1 တွင် (၁၂၆) ဦး၊ Level 2 တွင် (၁၀၆)ဦး၊ Level 3 တွင် (၇၁) ဦး၊ ပေါင်း (၃၀၃) ဦး ၊ စုစုပေါင်း (၁၉၂၅) ဦးတို့ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် လူတိုင်းစာတတ်မြောက်ရေးနှင့် တိုက်ရိုက်အချိုးကျသလို တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “ဒီဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတမမြောက်ရေးမြှင့်တင်စို့” ဆိုသည့်အတိုင်း စာတတ်မြောက်ရေးလုပ်ငန်းများကို အားလုံးက ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းပြင်ပပညာရေးလုပ်ငန်းများဆောင်ရွက်ရန် ချီးမြှင့်ငွေ ကျပ်သိန်း (၅၀၀) အား ပေးအပ်ပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး အခြေခံပညာဆရာ/ ဆရာမများက “စာတတ်မြောက်ရေး ဂုဏ်ပြုတေး" သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ယင်းနောက် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု Video Clip ပြသပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကလေးများအတွက်ဒီနေ့’" သီချင်းဖြင့် သီဆိုဂုဏ်ပြုကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)