နည်းပညာတက္ကသိုလ်(ဟင်္သာတ)၏ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ဟင်္သာတ)၏ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ



ဟင်္သာတ၊ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၌ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီက နည်းပညာတက္ကသိုလ် (ဟင်္သာတ)၏ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းသားများ ကွင်းအတွင်းနေရာယူခဲ့ကြပြီး နည်းပညာ တက္ကသိုလ်(ဟင်္သာတ)မှ တာဝန်ခံဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းလင်းနိုင်က ကွင်းပိတ်ပွဲအမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ ပိုးပေးပါသော စီးပွားရေးလုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ပြိုင်ပွဲတစ်လျောက် နေရာအလိုက် အကောင်းဆုံးအားကစားသမားများအား ဆုချီးမြှင့်ခြင်း၊ ဂိုးသွင်းအများဆုံးဆုနှင့် အကောင်းဆုံး အားကစားသမားဆုတို့အားချီးမြှင့်ခြင်း၊ ဆက်လက်၍ တတိယဆု၊ဒုတိယဆုနှင့်ပထမဆုရ CIVIL အသင်းတို့အား ဂုဏ်ပြုဆုငွေများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ဟင်္သာတခရိုင် ဒုတိယရဲတပ်ဖွဲမှူးရဲမှူးနေဝင်းနှင့် နည်းပညာတက္ကသိုလ် (ဟင်္သာတ)မှ တာဝန်ခံဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းလင်းနိုင်တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)