ရန်ကုန်၊ စက်တင်ဘာ ၂၃
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်( ၁၀၆ ) ရပ်ကွက်အတွင်း၌ သံဃာ့နာယက၏ သာသနာဝင်အမှတ်မရှိဘဲ သင်္ကန်းဝတ်ဆင်၍ လူနေအိမ်တွင် မိသားစုများနှင့်အတူ နေထိုင်လျက်ရှိကြောင်း သတင်းအရ (၂၂.၉.၂၀၂၅)ရက်နေ့ ၁၉၄၀ အချိန်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဥူးကောဝိဒဿရပါ သံဃာတော်များ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ ရဲအုပ်စိုးမြင့်ခိုင်၊ ရဲတပ်ကြပ်ကြီး ဝင်းကိုကိုလှိုင်၊ ရဲတပ်ကြပ် ကျော်မင်းသွင်း၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဦးကံမြင့်ဆွေ၊ ဦးကျော်ကျော် တို့ကို သင်္ကန်းဝတ်ဖြင့် မိသားစုနှင့် အတူနေထိုင်လျှက်ရှိသည်ကို တွေ့ရပြီး လူဝတ်လဲစေကာ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၁၀၆)ရပ်ကွက်၊ သဟာရလမ်း၊ အမှတ်(၁၀၁၇)ရှိ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ ၁၂/ဒဂတ(နိုင်) ၀၈၄၆၃၃ ကိုင်ဆောင်သူ ဦးကံမြင့်ဆွေ၊ အသက် ၆၇နှစ် (ဘ) ဦးခင်အောင်နှင့် မြဝတ်ရည်လမ်းသွယ်၊ အမှတ်(၁၂၅၁)တွင်နေထိုင်သော ၁၂/သဃက(နိုင်) ၀၀၃၉၄၉ ကိုင်ဆောင်သူ ဦးကျော်ကျော် အသက် ၅၅နှစ် (ဘ) ဦးစောမောင် ၎င်းတို့နှစ်ဦးအား နေအိမ်၌ သင်္ကန်းဝတ်နှင့်အတူ တွေ့ရှိရပြီး စစ်ဆေးခဲ့ရာ နေအိမ်တွင် မိသားစုနှင့်အတူနေထိုင်ပြီး အလှူခံစားသောက်နေပါသဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှုအား နာကျည်းစေရန်နှင့် သာသနာတော်ညှိုးနွမ်းအောင် ပြုခဲ့ပါသောကြောင့် ဖမ်းဆီးထိန်းသိမ်းပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment