ကျောက်ဆည်ခရိုင်တွင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စီစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင်တွင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စီစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်


ကျောက်ဆည်၊ စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စီစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ (၁) နာရီက ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်စိန်က အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဟိန်းက ပါတီကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍ တိုက်ဆိုင်စီစစ်သွားရမည့် အချက်လက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)