သံတောင်ကြီးမြို့နယ်တွင် “၀ဉ”ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးမြို့နယ်တွင် “၀ဉ”ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ




သံတောင်ကြီး   ၊ စက်တင်ဘာ ၁၅


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်ဝါးပင်များထူထပ်များပြား၍  ရာသီအလိုက် သီးနှံဖြစ်သော နှစ်တို/နှစ်ရှည်သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး တစ်ချို့မှာ ရာသီလိုက်သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော သီးနှံများကို ရှာဖွေလုပ်ကိုင်စားသောက်လျက်ရှိရာ ယခုအချိန်တွင် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော “၀ဉ” များမှာ  ဝယ်လိုအားကောင်းပြီး  ဈေးကောင်းရရှိလျက်ရှိကြောင်းသိရသည်။


ဒေသခံပြည်သူများက  သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသော  “၀ဉ”များဈေးကောင်းရရှိသည့်အတွက် ယခုနောက်ပိုင်းတွင် မိမိတို့ဉယျာဉ်ခြံမြေများတွင် တစ်ပိုင်တစ်နိုင်စီးပွား အဖြစ်ပြန်လည် စိုက်ပျိုးသူများ ပိုမိုပြားလာကြသည်။ “၀ဉ”များကိုတူးဖော်ပြီးအစိုအတိုင်းရောင်းချသူများရှိသည့် နည်းတူ တစ်ချို့မှာ အခြောက်ခံပြီးမှ ပြန်လည်ရောင်းချကြသည်။


အဆိုပါ “၀ဉ” အစိုများကို သံတောင်ကြီးမြို့ရှိ အဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြသည်။ ယခုနှစ် “၀ဉ” အစို တစ်ပိဿာ လျှင်ကျပ် (၁၃၀၀) မှ ကျပ်(၁၅၀၀) ထိ ရရှိပြီးဈေးကောင်းရရှိကြောင်း “၀ဉ” စိုက်ပျိုးလုပ်ကိုင်သူ ဦးစောအယ်တောထံက သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)