ရမည်းသင်းမြို့နယ်၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေး




ရမည်းသင်း   ၊စက်တင်ဘာ ၁၅


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သီလဝခန်းမ၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်က  ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့ပေါ် ရပ်ကွက်များမှ ပြည်သူများကိုဆာင်ရွက် ပေးသည်။


ဦးစွာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး  ဦးဇော်မင်းက အီလက်ထရာနစ်မဲပေးစက်(MEVM) အကြောင်းသိကောင်းစရာများနှင့် လက်တွေ့မဲပေးခြင်းဆိုင်ရာ နည်းစနစ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်မြန်မာ့အီလက်ထရာနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးပုံမဲပေးနည်းအဆင့်ဆင့်အား တက်ရောက်လာကြသူများက တစ်ဦးချင်းလက်တွ့ စမ်းသပ်မဲပးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)