မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ နှင့် တာဝန်ကျ ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့ကနံနက်ပိုင်းက (င)ရပ်ကွက်၊ နွယ်နီ၁၆လမ်းထိပ်၊နွယ်နီဦးမဟာပဌာန်း ဓမ္မာရုံ ၌ ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကအမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း သိကောင်းစရာများ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပေးကြပြီး တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် အဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေလင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအ သီးသီးမှတာ၀န်ရှိသူများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် မှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၁၈၂၅)ဦးခန့်မှ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment