မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးသို့ တက်ရောက်


မန္တလေး၊ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေး)၊ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)၊မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်း(ပြင်ဦးလွင်ဇုန်)နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။ 

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကိုအထောက်အကူပြုသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး ဆဲနိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်အလုပ်အကိုင်အခွင့်အလမ်း နှင့် နိုင်ငံခြားဝင်ငွေရရှိမှုကို အထောက်အပံ့ပေးနေသည့်အပြင် လူမှုစီးပွား ဘဝမြှင့်တင်ရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်အတွက် တိုက်ရိုက် ရောသွယ်ဝိုက်၍ပါအကျိုးပြုနေသည့် လုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများရှိခဲ့ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပုံမှန် အတိုင်းပြန်လည်လည်ပတ်နိုင်ရေး တည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း များနှင့် လာမည့်နှစ်ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များဆောင်ရွက်ရာတွင်   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ လုပ်ငန်းများကြန့်ကြာမှုမရှိစေရန်သက်ဆိုင်ရာဌာနများက ကဏ္ဍအသီးသီး မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများမှာလည်း  ထုတ်ပြန်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်  စည်းမျဉ်းစည်းကမ်း များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ခရီးသွားဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ခရီးလှည့်လည် ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်း များနှင့်ပတ်သက်၍ (၃/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံ များအား ရှင်းလင်းတင်ပြသည်။

၎င်းနောက် တက်ရောက်လာကြသူများက ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့်အခြေအနေများ၊ သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ် ဆောင်ရွက်မည့်အစီအမံများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြု တင်ပြကြရာသက်ဆိုင်ဌာနများမှတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြဆွေးနွေး အကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)