ပေကျင်း၊ စက်တင်ဘာ ၄
တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပေကျင်းမြို့မှ ဟာပင်းမြို့သို့ ဆက်လက်ထွက်ခွါသွားကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့က ပေကျင်းမြို့၊ Tian’anmen ရင်ပြင်၌ ကျင်း ပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား သို့ ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတကာမှ တက်ရောက်လာသည့် ခေါင်းဆောင်များနှင့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment