စက်တင်ဘာ - ၁၂ ( သောကြာနေ့ )
အစ္စရေးက ကာတာမြို့တော် ဒိုဟာမှာ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ခေါင်းဆောင်တွေ နေထိုင်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအရ ဒိုဟာမြို့က အဆောက်အအုံ တစ်ခုကို တိုက်လေယာဉ် ၁၅ စင်းသုံးပြီး ဒုံကျည် ၁၀ စင်းကျော်ပစ်ကာ ဖျက်ဆီးလိုက်ပါတယ်။ ဟားမတ်စ်ခေါင်းဆောင်တွေ သေဆုံးသွားရင် ဂါဇာမှာ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်လိုက်နိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ အဲ့ဒိစစ်ဆင်ရေးကို လုပ်လိုက်တာပါ။
ဒါပေမဲ့ မြေပြင်ရလဒ်မှာက ကာတာရဲအရာရှိတစ်ဦးအပါအဝင် ဟားမတ်စ်အဖွဲ့ဝင် ၅ ဦး ပေါင်း ၆ ဦး သေဆုံးသွားပါတယ်။ အဲ့ဒိသေဆုံးတဲ့ သူတွေထဲမှာ ဟားမတ်စ် အဆင့်မြင့် အရာရှိတစ်ဦးရဲ့ သားပဲ ပါတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဟားမတ်စ်ရဲ့ ခေါင်းဆောင် ကြီးကြီး ပိုင်းတွေ အကုန်လုံး လွတ်မြောက်သွားတယ်လို့လည်း ထုတ်ပြန်ချက်တွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ ဟားမတ်စ်၏ နိုင်ငံရေးခေါင်းဆောင်များကို သတ်ဖို့ အစ္စရေးရဲ့ ကြိုးပမ်းမှုက မအောင်မြင်ဘူး ဖြစ်သွားတယ်ဆိုရင် ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ညှိနှိုင်းမှုတွေက ပိုမိုရှုပ်ထွေးစေပြီး ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ရဲ့ ရပ်တည်ချက်က ပိုမို ခိုင်မာသွားမှာဖြစ်ပါတယ်။
အဲ့ဒိလုပ်ရပ်က အေဘရာဟမ် သဘောတူစာချုပ်ကို ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်လာစေပြီး ပင်လယ်ကွေ့ နိုင်ငံက အစ္စရေး ရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်အပေါ် ယုံကြည်စိတ်ချရတဲ့ မဟာမိတ် နဲ့ လုံခြုံရေးအာမခံသူအဖြစ် ယုံကြည်မှု ပျက်ပြားသွားစေနိုင်ပါတယ်။
ဟားမတ်စ်အဖွဲ့ ကံကောင်းသွားတာက အစ္စရေးတွေက ဟားမတ်စ်အဖွဲ့ရဲ့ နေအိမ်ကို တိုက်ခိုက်နေချိန်မှာ ဟားမတ်စ် ပေါ်လစ်ဗျူရိုတစ်ဖွဲ့လုံးက ကာတာက ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဒိုဟာက အခြားအဆောက်အအုံတစ်ခုမှာ ဂါဇာတွင် ၂၃ လနီးပါးကြာ စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အဆိုပြုချက်အသစ်ကို ဆွေးနွေးမှုတွေ လုပ်နေကြတာပါ။
အဆိုပါ တိုက်ခိုက်မှုက ဝါရှင်တန်အစိုးရရဲ့ ခွင့်ပြုချက် သို့မဟုတ် အသိပညာပါတယ်ပဲ ဖြစ်ဖြစ် မပါဘဲ ဖြစ်ဖြစ် သေချာတာက ရေနံကြွယ်ဝတဲ့ ပင်လယ်ကွေ့နိုင်ငံများပေါ်ကို အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုရဲ့ ကြီးမြတ်သော အစ္စရေး မစ်ရှင်ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တာပါပဲ။ အဲ့ဒိ မစ်ရှင်က ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ မဟာဗျူဟာတစ်ရပ် ဖြစ်နေပါတယ်။
အဲ့ဒိ တိုက်ခိုက်မှုကြောင့် အစ္စရေးကပစ်မှတ်ထားတဲ့ ဟားမတ်စ် အကြီးတန်း အရာရှိအများစု သေဆုံးခဲ့တယ်လို့ ကနဦးတွင် ယုံကြည်ခဲ့ကြပေမဲ့ မကြာမီမှာပဲ အောင်မြင်နိုင်ခြေက သိသိသာသာ လျော့နည်းသွားကြောင်း ဝန်ခံခဲ့ရပါတယ်။
ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ဒိုဟာတိုက်ခိုက်မှုက အစ္စရေး - ဟားမတ်စ် ပဋိပက္ခအတွက် စေ့စပ်ညှိနှိုင်းရေးနှင့် လက်ခံဆောင်ရွက်ပေးနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ခိုက်မှုတစ်ခုလို ဖြစ်သွားပါတယ်။ "စေ့စပ်ညှိနှိုင်းရေးမှူးကို မသတ်ရပါဘူး၊ စေ့စပ်ညှိနှိုင်းမှုမှာ လက်ခံကျင်းပတဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာကလည်း မဟုတ်သေးပါဘူး။ အဲဒါက ကြီးမားတဲ့ ချိုးဖောက်မှု တစ်ခုပါပဲ။ အဆင့်များစွာကို အပြောင်းအလဲတွေ ဖြစ်စေပြီး အခုရော နောင်ရော ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်သွားမှာပါ”လို့ ပင်လယ်ကွေ့ နိုင်ငံ တစ်နိုင်ငံက စစ်ဦးစီးမှူးတစ်ဦး က ပြောပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment