တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲအတွက်လျာထားစီစဉ်ထားသည့် မဲရုံများအား လိုက်လံစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲအတွက်လျာထားစီစဉ်ထားသည့် မဲရုံများအား လိုက်လံစစ်ဆေး



တောင်ဥက္ကလာပ၊ စက်တင်ဘာ ၉

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲအတွက်လျာထားစီစဉ်ထားသည့်မဲရုံများအား စက်တင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှုကြသည်။

ယင်းသို့ကြည့်ရှုရာတွင် တောင်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရပ်ကွက်များအတွင်း ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား လိုက်လံကြည့်ရှုကြပြီး လုံခြုံရေးအခြေအနေ၊ မဲရုံတည်နေရာတို့အားကြည့်ရှုကြပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက်ဆောင်ရွက်ပေးကြရန် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ တာဝန်ရှိသူများအားဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။


ခင်ဆွေနှင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)