ယူကရိန်းစစ်ဘေးရှောင် အမျိုးသမီး အမေရိကားမှာ ဓားထိုးခံရပြီး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းစစ်ဘေးရှောင် အမျိုးသမီး အမေရိကားမှာ ဓားထိုးခံရပြီး သေဆုံး


စက်တင်ဘာ - ၉ ( အင်္ဂါနေ့ ) 

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ် ချာလော့တီမြို့ ရှိ ရထားပေါ်တွင် အသက် ၂၃ နှစ် အရွယ် ယူကရိန်းအမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးခံရမှု နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းရဲ့ ထရုသ်ဆိုရှယ်မီဒီယာပေါ်မှာ မနေ့က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ 

ဓားထိုးခံရသူ အီရင်နာ ဇာရုတ်စကာ( ၂၃ နှစ်) က ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်း ပဋိပက္ခများ ပြင်းထန် လာချိန်တွင် အမေရိကားကို စစ်ဘေးရှောင်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့တုန်းက လင်းစ်ဘလူး ကားလိုင်းကို စီးလာချိန်မှာ ကားပေါ်မှာ ဒါကာလိုဘရောင်း ( ၃၄ နှစ်) ဆိုသူက ဓားနဲ့ အကြိမ်ရေများစွားထိုးပြီး သတ်ဖြတ်ခဲ့ပါတယ်။ အာဏာပိုင်များက သီတင်းပတ်ကုန်က ထုတ်ပြန်ခဲ့တဲ့ ထောက်လှမ်းရေး ဗီဒီယိုဖိုင်မှာတော့ သူမအား နောက်မှ ခြုံခိုတိုက်ခိုက်ကာ လည်ပင်းကိုအကြိမ်များစွာ ဓားဖြင့်ထိုးသတ်ခဲ့တာကို တွေ့ရပါတယ်။ 

ထရမ့်သည် သူ့ရဲ့လူမှုမီဒီယာပို့စ်နှင့် ဝါရှင်တန်ဒီစီမှာပြောတဲ့ မိန့်ခွန်းတွင် အဆိုပါဗီဒီယိုဖိုင်ကို ကိုးကားကာ သံသယရှိသူအား ငွေသားမပါဘဲ အာမခံဖြင့် ၁၄ ကြိမ်ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးလေး အသတ်ခံရချိန်တွင် ၎င်းက လွတ်မြောက်သင့်သေးတဲ့ အချိန်မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။ 

“အဲ့ဒိလူရထားစီးပြီး လမ်းတွေလျှောက်နေတာ ဘာကြီးလဲ၊ ဒီလိုရာဇဝတ်ကောင်တွေကို သော့ခတ်ထားဖို့လိုတယ်” လို့ ထရမ့်က ရေးတင်ခဲ့ပါတယ်။  “အဲ့ဒိအပြစ်မဲ့ အမျိုးသမီး၏သွေးတွေက လူသတ်သမားရဲ့ ဓားမှာ ရွှဲနေတယ်။ ယခု သူမသွေးတွေက ဂုဏ်သိက္ခာရှိပါတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဝမ်နာဘီ အထက်လွှတ်တော်အမတ် ရိုင်းကူပါး အပါအဝင် လူဆိုးများကို ထောင်ထဲထည့်ရန် ငြင်းဆန်နေတဲ့ ဒီမိုကရက်တွေရဲ့လက်ထဲတွေမှာ စိုနေပါပြီ” လို့ ထရမ့်က ထပ်လောင်းပြောသွားပါတယ်။ 

ချာလော်တီ ရဲတပ်ဖွဲ့က ဘရောင်း ကို ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားပါတယ်။ လက်နက်ကိုင် ဓားပြတိုက်မှု အပါအဝင် များစွာသော ရာဇဝတ်မှုများ ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ယခင်က ထောင်ဒဏ် ခြောက်နှစ်ကျော် ကျခံခဲ့ထားတာရှိပါတယ်။ ယခုနှစ်အစောပိုင်းတွင် စိတ်ရောဂါဆိုင်ရာ အကဲဖြတ်ရန် တရားသူကြီးတစ်ဦးက အမိန့်ပေးခဲ့သော်လည်း အကဲဖြတ်မှု မပြီးမြောက်ခဲ့ဘူးလို့ သိရပါတယ်။

သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ တုံ့ပြန်မှုကိုလည်း ဝေဖန်ခဲ့ပါတယ်။ "ဒီကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးအတွက် နာမည်ကြီး မီဒီယာတွေရဲ့ ဒေါသက ဘယ်မှာလဲ" လို့ မေးခဲ့ပါတယ်။ "ငါတို့အားလုံးက ဘာသာရေးကိုင်းရှိုင်းသူတွေ ဖြစ်ပေမယ့် လူဆိုးတွေ ရှိတယ်။ အဲဒါကို ရင်ဆိုင်ရမယ်။ အဲဒါကို မကိုင်တွယ်ရင် ငါတို့မှာ နိုင်ငံရှိတော့မှာ မဟုတ်ဘူး” လို့ ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)