ပုဇွန်တောင်၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်အတွင်း ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီတွင် ဦးရွှေဂွန်းလမ်းရှိ ဓမ္မသာလာဆွမ်းလောင်းရုံတွင်လည်းကောင်း နေ့လယ် (၃)နာရီတွင် ဓမ္မနုရက္ခိတဆွမ်းလောင်းရုံတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ရာတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူ နှင့်တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများအား MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး ခြင်းလုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ကြပြီး အမှတ်(၇)ရပ်ကွက်နေ မဲဆန္ဒရှင် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းစမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းမဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို မဆောင်ရွက်ရသေးသည့် အမှတ်(၈) (၉)နှင့် (၁၀)ရပ်ကွက် များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စျေးသည်နှင့်စျေးဝယ်များ သိရှိနိုင်စေရန် ပုဇွန်တောင်စျေးနှင့်ရေကျော်စျေးများတွင်လည်း ဆက်လက်အသိပညာပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost




No comments:
Post a Comment