စက်တင်ဘာ - ၂၇ ( စနေနေ့ )
ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက ဘတ်ဂျက်အစီအစဉ်အသစ်အရ လောင်းကစားလောင်းကြေး အားလုံးအပေါ် ၅ % အခွန်ကောက်ခံရန် အဆိုပြုထားပြီး ဒိုင်ကိုင်တဲ့ သူများကို ပုံမှန် ၂၅ % နှုန်းဖြင့် အမြတ်ခွန် ပေးဆောင်သင့်တယ်လို့လည်း ဆိုထားပါတယ်။
အဆိုပါ တိုင်းတာမှုက နိုင်ငံတော်အသုံးစရိတ်ကို ပံ့ပိုးရန်နဲ့ ဝင်ငွေတိုးလာစေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ၂၀၂၆ - ၂၈ ဘတ်ဂျက်မူကြမ်းတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စံတန်ဖိုးထပ်တိုးခွန်ကို လက်ရှိ ၂၀ % မှ ၂၂ % သို့ မြှင့်တင်ရန် အဆိုပြုခဲ့ပြီး လူမှုရေးနှင့် အရေးကြီးသော ကုန်ပစ္စည်းများအတွက် ၁၀ % လျှော့ချ ဖို့အတွက် ဆိုထားပါတယ်။
လက်ရှိမှာက လောင်းကစားဒိုင်တွေက ၎င်းတို့ရဲ့ လုပ်ငန်းလည်ပတ်မှုပမာဏ သို့မဟုတ် အမှန်တကယ် ဘဏ္ဍာရေးရလဒ်ကို မဖော်ပြဘဲ တည်နေရာပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ ဒေသတွင်း လောင်းကစားအခွန်ကို ပေးဆောင်ရကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ စနစ်သစ်သည် ဝင်ငွေခွန် (၅ ရာခိုင်နှုန်းအခွန်) နှင့် အထွေထွေ ကော်ပိုရိတ်အခွန်စနစ်အောက်တွင် အမြတ်ငွေ နှစ်မျိုးလုံးကို အခြေခံ၍ ပုံသေအခကြေးငွေပုံစံကို အစားထိုးမှာ ဖြစ်ပါတယ်။
ရုရှားတွင် လောင်းကစားခြင်းကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး အထူးဇုန်များနှင့် လိုင်စင်ရ ဒိုင်တွေအတွက်သာ ကန့်သတ်ထားပါတယ်။ လောင်ကစားဇုန်ပြင်ပတွင် အားကစား လောင်းကစားနဲ့ ထီများကိုသာ ယေဘုယျအားဖြင့် ခွင့်ပြုထားပါတယ်။
ယခု ဘတ်ဂျက်မူကြမ်းကို အစိုးရနှင့် လွှတ်တော်တို့က ထည့်သွင်းစဉ်းစားနေပြီး နောက်ဆုံးအတည်ပြုချက် မရရှိမီ ပြင်ဆင်နိုင်လို့ရပါသေးတယ်။ မကြာသေးမီနှစ်များအတွင်း အာဏာပိုင်များသည် ကြိုတင်ကာကွယ်မှုကြီးကြပ်မှုကို ဦးစားပေး၍ လိုင်စင်ရလောင်းကစားအော်ပရေတာများအတွက် ဆိုက်တွင်းစစ်ဆေးခြင်းများကို လျှော့ချရန် ဆွေးနွေးခဲ့ပါတယ်။
လောင်ကစားလုပ်ငန်း ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ်တွင် တရားဝင်လောင်းကစားဇုန်များမှ အခွန်ငွေ ဒေါ်လာ ၂၈သန်း ခန့် ရရှိခဲ့ပြီး အာဏာပိုင်များက ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တရားမဝင်ကလပ် ၁၉၅ ခုကို ပိတ်ပစ်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment