စက်တင်ဘာ - ၂၇ ( စနေနေ့ )
ရုရှား - ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ဖို့ကြိုးစားမယ်ဆိုရင် အမေရိကန်ရဲ့ ဈေးကွက် ဖော်ညွှန်းမှုကို လုပ်ပေးနိုင်ရင် ပဋိပက္ခကို အဆုံးသတ်ဖို့ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက် ပြောသွားပါတယ်။
ဗုဒ္ဓဟူးနေ့က Fox News နဲ့ အင်တာဗျုးမှာ ရိုက်က ဥရောပမှာ ရုရှားစွမ်းအင်ကို ဖယ်ရှားဖို့ကြိုးစားနေတဲ့ ဥရောပသမဂ္ဂ ရဲ့ လုပ်ဆောင်ချက်ကို ချီးကျူးပါတယ်၊ ဒါပေမဲ့ ကျနော်တို့ရဲ့ ရည်မှန်ချက်က လိုချင်သလောက် မမြန်ဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဥရောပထဲကို ရောက်သွားတဲ့ ရုရှားဓာတ်ငွေ့တွေ အားလုံးနဲ့ ရုရှားရေနံကနေ သန့်စင်ပြီး ထုတ်ကုန်အားလုံးကို အစားထိုးဖို့အတွက် အမေရိကန်က ဒီနေ့ အသင့်ရှိနေပါတယ်။ လောလောဆယ်မှာလည်း အီးယူခေါင်းဆောင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
"သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ သမ္မတ ထရမ့်ရဲ့ အစီအစဉ်က ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးရဖို့၊ ငါတို့ ပူတင်ကို အငတ်ထားမှရမယ်" လို့ ရိုက်က ဥရောပကနေ ရုရှားရနေတဲ့ စွမ်းအင်တင်ပို့မှု ဝင်ငွေများကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဥရောပ သမဂ္ဂက ၂၀၂၇ မှာ ရုရှားကနေတင်သွင်းတဲ့ ဂတ်စ်တွေနဲ့ LNG တွေကို အပြီး ပိတ်ဆို့ရန်ကြိုးစားနေပေမဲ့ ရိုက်ကတော့ အဲ့ဒိထက်စောပြီး ပိတ်ဆို့လို့ရအောင် အမေရိကန်က အကူအညီပေးမယ်လို့ ပြောနေတာပါ။ ဒါပေမဲ့ ဟန်ဂေရီတို့ ၊ စလိုဗက်ကီးယားနိုင်ငံတို့လို အီးယူအဖွဲ့ဝင်နိုင်ငံတွေကတော့ ရုရှား ဓာတ်ငွေ့နဲ့ ဓာတ်ငွေ့ရည် ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ဆန့်ကျင်နေပါတယ်။ ရိုက်ကတော့ ရုရှား ရေနံနဲ့ ဂတ်စ်တွေကို ဝယ်နေတဲ့ အိန္ဒိယ၊ တရုတ် တို့လို နိုင်ငံတွေကိုလည်း ထပ်ပြီး ပိတ်ဆို့မှုလုပ်ကာ ဖိအားပေးထားမယ်လို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment