ဇီလန်စကီး ရူးနေပြီးလားလို့ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးမေးပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီလန်စကီး ရူးနေပြီးလားလို့ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးမေးပြီ


စက်တင်ဘာ - ၂၇ ( စနေနေ့ ) 

ကျနော်တို့ရဲ့ စက်မှုလုပ်ငန်းတွေကို ထောက်လှမ်းဖို့အတွက် ဟန်ဂေရီက ဒရုန်းတွေ လွှတ်ပြီး ကျနော်တို့နိုင်ငံက အနောက်ပိုင်း လေပိုင်နက်ထဲကို ဝင်လာကြတယ်လို့ မနေ့ က ယူကရိန်းသမ္မတ ဇီလန်စကီးက ရုပ်သံကနေ စွပ်စွဲပြောဆိုသွားပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး ပီတာ စဇီဂျာတို က “ဟေ့လူ ဇီလန်စကီး ခင်ဗျား ၊ ရူးနေပြီလား” ပြန်လည် လက်တုံ့ပြန် ပြောကြားလိုက်ပါတယ်။ 

“သမ္မတဇီလန်စကီးက ဟန်ဂေရီကို ဆန့်ကျင်ချင်တာ အရမ်းများနေတယ်။ ဘာမှမဆိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ကျနော်တို့ကို ရှုံ့ချဖို့လုပ်နေတယ်။ ရူးများရူးနေလားမသိဘူး” လို့ သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

ယူကရိန်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ဆီယီဂါက လည်း  “ခင်ဗျားတို့တွေ ၊ ကျနော်တို့ရဲ့ သမ္မတကို တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ သမ္မတဘက်မှာပဲ ရှိတယ်။ ခင်ဗျားတို့ပြောလို့ ကျနော်တို့က ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ပါနဲ့” ဆိုပြီး လက်တုံပြန်ပြောကြား သွားပါတယ်။ "ပီတာရေ ၊ မင်းတို့အစိုးရရဲ့ အရေခြုံမှုနဲ့ ကိုယ်ကျင့်တရားပျက်ပြားမှု၊ ကရင်မလင် လက်ပါးစေအဖြစ် ထမ်းဆောင်နေတာတွေ၊ ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေကို မင်းတို့ စပိုင်လုပ်နေတာတွေ၊ မင်းတို့အစိုးရ ရဲ့ အကျင့်စာရိတ္တ ယိုယွင်းမှုတွေ အပါအဝင် အရာတော်တော်များများကို အခု စတင်မြင်နေရပြီ” လို့လည်း ရေးတင်ခဲ့ပါတယ်။ 

လက်ရှိဖြစ်နေတဲ့ ပြဿနာက ယူကရိန်မှာရှိတဲ့ ဟန်ဂေရီ အကြီးတန်း စစ်သံမှူး ၃ဦးကို ဇီလန်စကီးအစိုးရက တရားမဝင်ဘူးဆိုပြီး ကြေညာချက် ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ယူကရိန်း နဲ့ ဟန်ဂေရီ မတည့်တာက နှစ်ပေါင်းများစွာကြာနေပါပြီ။ ယူကရိန်းနိုင်ငံ ထရန်စကာပတ်သီးယား ဒေသမှာရှိတဲ့ ဟန်ဂေရီလူနည်းစုတွေကို ယူကရိန်းတွေ ဖိနှိပ်ထားတာရယ်၊ ရုရှား ကနေ ဟန်ဂရီကို ပို့နေတဲ့ ဂတ်စ်ပိုက်လိုင်း ဒရူဇဘာ ကို ယူကရိန်းတွေ တိုက်ခိုက်နေတာရယ်ကြောင့် တစ်ဘက်နဲ့ တစ်ဘက် မကျေလည်မှုတွေက များနေပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)