နေပြည်တော်၊ စက်တင်ဘာ ၉
နေပြည်တော်တွင် ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဦးခေါင်းတော်ကို ဖက်ရှင်အဖြစ် အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ အောင်ကိုမိုး ဆိုသူအား နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် အဖွင့်တရားစွဲဆိုထားသည်။
ယနေ့ ရုံးချိန်း အခြေအနေနှင့် ပတ်သက်၍ ဆရာတော် ဦးပညာ က "ဒီကနေ့ ရုံးချိန်းကို တရားခံ ဘက်က ရှေ့နေလည်း မလာဘူး။ တရားခံဘက်က သက်သေလည်း မလာဘူး။" ဟု မိန့်ကြားသည်။
အမှုနှင့် ပတ်သက်၍ တရားလိုနှင့် လိုပြသက်သေများကို စစ်ဆေးပြီး အောင်ကိုမိုးအား အပြစ် ရှိ/ မရှိ မေးမြန်းရာ အောင်ကိုမိုး က အပြစ်မရှိကြောင်း ပြောဆိုခဲ့ပြီး တရားခံဘက်မှ သက်သေများကို ဆက်လက်စစ်ဆေးနေခြင်းဖြစ်သည်။ ယခင်အပတ် ရုံးချိန်းတွင် အောင်ကိုမိုး၏ ရှေ့နေ အောင်ရဲစိုး ဆိုသူက တရားခွင်အတွင်း ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ ကိုယ်အမူအရာ ရိုင်းပြခြင်းများအတွက် တရားသူကြီး က သတိပေးတားမြစ်ခဲ့ရသည်။
တရားလိုအဖြစ် ကိုအောင်ကျော်ဦး (ခ) မိုက်ကယ်ဇိုး က တာဝန်ယူ၍ တရားစွဲဆိုခဲ့ပြီး နေပြည်တော်အမျိုးသားရေးအဖွဲ့ျွှ ဆရာတော်သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက လိုပြသက်သေများအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment