၂ဝ၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂ဝ၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်



နေပြည်တော်၊ စက်တင်ဘာ ၁၀

၂၀၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်သည်။

အဆိုပါ အားကစားပြိုင်ပွဲသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံးအကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီးဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများနေရာယူကြသည်။ ထို့နောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားသမားများက တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်အား အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စားတပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်က အဖွင့် အမှာစကားပြောကြားသည်။

ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်၍ အလံတော်အဖွဲ့နှင့်အတူ ပြိုင်ပွဲဝင် အသင်းများက တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်အား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုထွက်ခွာကြသည်။

ထို့နောက် တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ပထမအဆင့်၊ အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။ အဆိုပါ ပွဲစဉ်တွင် တစ်ဘက်နှင့်တစ်ဘက် ရလဒ်ကောင်းရရှိနိုင်ရေး အပြန်အလှန် ဖိအားပေး ကစားခဲ့ကြရာ ပွဲချိန် ၄ မိနစ်တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စားပြုအသင်းက ဦးဆောင်ဂိုး ၁ ဂိုးသွင်းကာ ပွဲစဉ်ကို ဦးဆောင်ကစားနိုင်ခဲ့သော်လည်း ပွဲချိန် ၈၀ မိနစ်ခန့်တွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စားပြုအသင်းက ပြန်လည်ချေပဂိုး ၁ ဂိုးသွင်းနိုင်ခဲ့သဖြင့် ပွဲကစားချိန် မိနစ်အားလုံးပြီးဆုံးချိန်တွင် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲများအား အောက်တိုဘာ ၂၄ ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)