ဒီရက်ပိုင်းအတွင်း Tiktok အသုံးပြုတဲ့ ညီမငယ်တစ်ယောက်က ပို့လာလို့ ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေးသီချင်းက ဘားတွေ ကလပ်တွေမှာ ဒွန့်တဲ့ သီချင်းဖြစ်နေပြီတဲ့။ ရွှေရှိ၊ ငွေရှိ သုံးနိုင်၊ ဖြုန်းနိုင် အမျိုးကောင်းသားသမီးများလို့ အမည်ခံထားတဲ့ မိမဆုံးမ၊ ဖမဆုံးမ သားသမီးတွေက လုပ်နေကြတာပါ။ အဲဒီ ညီမငယ်က tiktok က ရုပ်သံတွေ ပို့ထားလို့ တစ်ခါတင်ပြခဲ့ပါသေးတယ်။
နောက်တော့ ပိုဆိုးလာပြီတဲ့။ ဓမ္မစကူးလ်ကျောင်းသွားကြမယ်ဆိုတဲ့ သီချင်းနဲ့ ဒွန့်နေကြတာတဲ့။ ဘားတွေ ကလပ်တွေကို ဘယ်သူတွေက ပိုင်လဲ။ ဒီလို ဘာသာရေးအရ ပျက်ရယ်ပြုစော်ကားဖို့ ဘယ်သူက လမ်းညွှန်ပေးခဲ့သလဲ။ ဘာသာခြားတွေက ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ အလုပ်ကို မိမဆုံးမ၊ ဖမဆုံးမ သားသမီးတွေက အပျော်အပျက် လိုက်ပြီး ဒွန့်နေကြလေသလား။
ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေကြခြင်းလား -
ဘားတွေ၊ ကလပ်တွေ ဖွင့်ခွင့်ပေးပြီး ငွေတောင်းစားနေသူများ စိစစ်အရေးယူပေးပါအုံးလို့ -
https://t.me/MyanmarNationalPost


No comments:
Post a Comment