ပျက်စီးဆုံးရှုံးမှုများနဲ့ နီပေါနိုင်ငံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျက်စီးဆုံးရှုံးမှုများနဲ့ နီပေါနိုင်ငံ





နီပေါနိုင်ငံ၊ ခတ္တမန္ဒူမှာ ဆိုရှယ်မီဒီယာပိတ်ပင်မှုနှင့် အကျင့်ပျက်ခြစားမှုတို့ကို ဆန့်ကျင်ဆန္ဒပြမှုက အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ နီပေါအစိုးရ၏ ဝန်ကြီးဌာနများနှင့် ရုံးများကိုပါ ဆန္ဒပြသူများက ဖျက်ဆီးပြီး ဝန်ကြီးများကို ဖမ်းဆီး အရှက်ခွဲတဲ့ အဆင့်ထိ ဖြစ်ခဲ့ပါတယ်။

အပြောင်းအလဲကတော့ မြန်ဆန်လွန်းလှပါတယ်။ သတင်းတချို့မှာတော့ လူငယ်တွေရော၊ ပြည်သူတွေရော၊ နီပေါတပ်မတော်ရော လက်ခံတဲ့ ဘလန်ဒရာရှား ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့အတွက် လူငယ်တွေက တခဲနက်ထောက်ခံကြတယ်လို့ ဆိုပါတယ်။ 

သူဟာ အင်ဂျင်နီယာ၊ ရပ်(ပ်)သီချင်းအဆိုတော်၊ မြိုတော်ဝန်အဖြစ်လုပ်ကိုင်ခဲ့ဘူးပြီး အခုတော့ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်လာခဲ့ပါပြီ။

နီပေါနိုင်ငံဖြစ်စဉ်မှာ ဟိုက်လိုက်လုပ်ပြီး ပြောရမှာကတော့ (အကျင့်ပျက်ခြစားမှု) ပဲ ဖြစ်ပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် လွန်ကဲစွာ အသုံးချလာတဲ့အတွက် လူတန်းစား ကွာဟမှု၊ မညီမျှမှုတွေ ဖြစ်လာပါတယ်။ 

ကျွန်တော်တို့ နိုင်ငံမှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတာလည်း လုပ်နေပါရဲ့။ အရေးယူဆောင်ရွက်တာတချို့လည်း ရှိနေပါရဲ့။ သို့သော်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေ လို ကိစ္စမျိုးကိုတောင် စနစ်တကျ ဖြစ်အောင် မလုပ်ဘဲ ပြည်သူတွေထံက ဂုပ်သွေးစုပ်ကြတဲ့ ဟာတွေ နယ်နယ်အရပ်ရပ်မှာ ဖြစ်ခဲ့တယ်။

နိုင်ငံဝန်ထမ်းဆိုသူတွေဟာ ပြည်သူ့အကျိုးဆောင်ရွက်သူတွေလို့ အဓိပ္ပာယ်ဖွင့်ဆိုတယ်လို့ ထင်ပါတယ်။ အဲဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အညီသာ လုပ်ဆောင်ကြမယ်ဆိုရင် ပြည်သူအပေါ် ဝန်ထမ်းတွေက မောက်မာရိုင်းစိုင်းတာ၊ ဥပဒေမဲ့ လက်တစ်လုံးခြား မလိမ့်တပတ် လုပ်ပြီး ဒုက္ခပေးတဲ့ ဖြစ်စဉ်တွေက ရှိမှာတောင် မဟုတ်ပါဘူး။

ပြည်သူတွေအပေါ် စာနာတတ်ကြပါစေ။ ပြည်သူတွေကို ကူညီစောင့်ရှောက်တဲ့ နိုင်ငံဝန်ထမ်းများ ဖြစ်ကြပါစေ။ နီပေါနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သင်ခန်းစာလေးကို မှီငြမ်း၍ -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)