ရန်ကုန်၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်၅၃ရပ်ကွက်၊ အတုလအောင်ဇေယျုံဦးဖိုးလှဘုရားဝန်းရှိ ဓမ္မဝိသုဒ္ဓိသာသနာ့ဗိမာန်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အကြမ်းးဖက်ဖြစ်စဉ်များကြောင့် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဆန်၊ ဆီ၊ ဆား၊ ပဲ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဌဦးစန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်၊ အဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးဌာနမှာ လ/ထညွှန်ကြားရေးမှူးဒေါ်အေးတင်၊ မြို့နယ်လဝကဦးစီးမှူးဦးညီဇော်ဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာလာသူပြည်သူများတက်ရောက်ခဲ့ကြပြီး ဥက္ကဌဦးစန်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့၍ နေရပ်စွန့်ခွာလာသူပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ အချိုးကျ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့လာသူ (၁၁၃၂)ဦးအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost








No comments:
Post a Comment