မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်



မော်လမြိုင်  ၊စက်တင်ဘာ ၉

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက် တန်းကျောင်း ဦးသာညှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မော်လမြိုင်မြို့နယ်မှ ဆရာ၊ ဆရာမများက “စာတတ်မြောက်ရေး လူတိုင်းအရေး” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ခေတ်အဆက်ဆက်တွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြရာ မြန်မာနိုင်ငံ၏စာတတ်မြောက်မှုနှုန်းသည် ၁၉၈၈ ခုနှစ်တွင် (၈၀.၀၄) ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီး ၂၀ဝဝ ပြည့်နှစ်တွင် (၉၁) ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် (၉၅.၀၁)ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် သက်ကြီးစာတတ်မြောက်မှုနှုန်း (၉၅.ဝ၈)ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့ကြောင်း၊ ပညာရေး ဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ မွန်ပြည်နယ်၊ မြို့နယ်(၈) မြို့နယ်တို့တွင် စာသင်သား (၇၈၄၁)ဦး၊ စာသင်ဝိုင်း (၅၈၃)ဝိုင်း၊ နည်းပြ (၆၁၆)ဦးနှင့် ကြီးကြပ် (၇ဝ)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ မွန်ပြည်နယ် သက်ကြီးစာတတ်မြောက်မှုရာခိုင်နှုန်းလည်း ၉၇.၄၃ ရာခိုင်နှုန်းထိ တိုးတက်လာတာကိုတွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ပညာရေးတွင် လူတိုင်းပါဝင်သင်ကြားနိုင်အောင် ကျောင်းသင်ပညာရေး (Formal Education)နှင့်အတူ ကျောင်းပြင်ပပညာရေး (Non-Formal Education) တို့ဖြင့် သင်ကြားနိုင်အောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအဘက်ဘက်မှ တာဝန်ကျေပွန်စွာထမ်းဆောင်ကြပြီး လူသားတစ်ဦးချင်းစီကလည်း “စာမတတ်သူ ဝိုင်းလို့ကူ” ဟူသော ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ဆောင်ရွက်မှုမှတ်တမ်း Video Clip အားပြသခဲ့ပြီး အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စာသင်ကျောင်းမှ ခေါင်းလောင်းသံ “တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေနေမှုကိုလည်းကောင်း၊ အမှတ်(၁၀)အခြေခံပညအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆို ဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည်ရှုအားပေး၍ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)