မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၍ မြို့နယ်သံဃနာယကအဖွဲ့ရုံးအသစ် ဖွင့်ပွဲ နှင့် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးကား၀င်းအတွင်းရှိ အဆောက်အဦအသစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးကား၀င်းအတွင်း ဆောက်လုပ်ထားသော မြို့နယ်သံဃနာယကရုံးအဆောက်အဦ အသစ်အားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော် မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော် မတီအဖွဲ့၀င် ဗိုလ်မှူးဖြိုးဝေလင်း နှင့် တာ၀န်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပင့်ဖိတ်ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးမျာ၊မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့်အကျိုးတော်ဆောင်အဖွဲဝင်ဆရာတော်များ၊ကျောင်းတိုက်အသီးသီးမှဖိတ်ကြားထားသည့်ဆရာတော်များ၊ သီလရှင်များ၊ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူးဖြိုးဝေလင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် YMBA အဖွဲ့ဝင်များ၊ သံဃနာယကရုံးအဆောက်အဦ အလှူရှင်များ၊ အဆောက်အဦးအင်ဂျင်နီယာအဖွဲ့များ၊ မြို့နယ်ဥပါဌာကအဖွဲ့ဝင်များ၊ မယ်လမုစေတီဂေါပကအဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး မြောက်ဥက္ကလာပမြို့နယ် ဇမ္ဘူအေး ကျောင်းတိုက် ၊ အောင်၀တီဆရာတော် ဘဒ္ဒန္တနန္ဒဓဇမဟာထေရ်မြတ် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ဖတ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသုမနဓဇ က မြို့နယ်သံဃနာယကရုံးအဆောက်အဦ အသစ် ဆောက်လုပ်ဆောင်ရွက်ခဲ့မှုများ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လောဟာက သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားခဲ့သည်။
ဆက်လက်၍ မြို့နယ်သံဃနာယကရုံးအဆောက်အဦနှင့်ပတ်သတ်သည့် စာရွက်စာတမ်းအထောက်အထားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ က မြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံသို့ လွှဲပြောင်းဆက်ကပ်ခဲ့ပြီး မြို့နယ်သံဃနာယကရုံးအဆောက် အဦအား စနစ်တကျ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပေးခဲ့သော အင်ဂျင်နီယာမှူးကြီး ဒေါ်မာမာအေးအား တာ၀န်ရှိသူ တစ်ဦးက ဂုဏ်ပြု လက်ဆောင် ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်ဩဝါဒါစရိယ၊ သီရိမဏ္ဍိုင်နတ်မောက်ကျောင်း ဆရာတော်ကြီး ထံမှ ဩဝါဒကာ တရားနာယူပြီး ကြွရောက်လာသည့်ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ဌာနကြီးမှူး ဆရာတော် (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) ဒေါက်တာ ဘဒ္ဒန္တပါရမီ အရှင်သူမြတ်ထံမှ အနုမောဓနာတရားယူခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒ ထံမှ ရေစက်သွန်းချ တရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost








No comments:
Post a Comment