စက်တင်ဘာ ၂၇ အာဆီယံ နိုင်ငံ ခေါင်းကြီးပိုင်းသတင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်တင်ဘာ ၂၇ အာဆီယံ နိုင်ငံ ခေါင်းကြီးပိုင်းသတင်းများ


အင်ဒိုနီးရှားက ဂျာကာတာပို့စ် သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်းမှာ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ခဲ့သူ စာရင်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ရာ လူပေါင်း ၉၅၉ ယောက်ထဲမှာ ကလေးငယ် ၂၀၀ ကျော်ပါတယ်လို့ ဆိုပါတယ်။ အဲ့ဒိတုန်းက ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖြိုခွင်း ခဲ့တာနဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ 

ဖိလစ်ပိုင်သတင်းအေဂျင်စီဌာနရဲ့ သတင်းတစ်ရပ်မှာ ပြင်းထန်သော အပူပိုင်းမုန်တိုင်း အိုပေါင် (နိုင်ငံတကာအမည် ဘူအာလွိုင်) နှင့် အခြားယခင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် လက်ရှိသုံးနေတဲ့ နိုင်ငံလုံးဆိုင်ရာ လမ်းအပိုင်း ၂၄ ပိုင်းကို ဖြတ်သန်းသွားလာမှု မလုပ်နိုင်သေးဘူး လို့ ဖော်ပြပါရှိပါတယ်။ 

စင်ကာပူ စီအန်အေ သတင်းဌာနက စင်္ကာပူနိုင်ငံရဲ့ အပြင်းထန်ဆုံးသော ကာကွယ်ရေး နဲ့ ဟန့်တားမှုတွေက  လက်နက်စနစ်မဟုတ် ပါဘူး။ စင်ကာပူသားတွေရဲ့ ယုံကြည်ရာအတွက် တိုက်ပွဲဝင်ရန် “စုပေါင်းဆန္ဒ” ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်း  က သောကြာနေ့ (စက်တင်ဘာ ၂၆ ရက်)မှာ လွှတ်တော်တွင် ပြောကြားခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ 

ထိုင်း သတင်းဌာန သည်နေရှင်း က ထိုင်း-ကမ္ဘောဒီးယား နယ်နိမိတ် တစ်လျှောက်မှာ ၁၀ ကီလိုမီတာကျော်ရှိတဲ့ နယ်စပ် ခြံစည်းရိုး ခတ်ရန် မင်းသမီး ချူလာဘွန်ထံမှ ကနဦး ရန်ပုံငွေကို ကမကထပြုပြီး  စုစုပေါင်း ဘတ်ဂျတ် ၈၇ သန်းဖြင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ခြံစည်းရိုး ခတ်ရန် စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဗီယက်နမ် ပလက်စ် သတင်းဌာက ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ စီးပွားရေး ဆက်ဆံမှုက ခိုင်မာပြီး တိုးတက်တဲ့ လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း နဲ့  နှစ်နိုင်ငံကုန်သွယ်မှုသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော်သွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)