ဟင်္သာတ၊ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၌ စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက နည်းပညာတက္ကသိုလ် (ဟင်္သာတ)၏ မေဂျာပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နည်းပညာတက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် စစ်ကြောင်းမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းသားများ ကွင်းအတွင်း နေရာယူခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကိုယ်စား ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ် (ဟင်္သာတ)မှ တာဝန်ခံ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းလင်းနိုင်က အမှာစကားပြောကြားခြင်း၊ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစား သစ္စာအဓိဌာန် ရွတ်ဆိုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများမှ ပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် ကူညီပံ့ပိုးပေးပါသော စီးပွားရေးလုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့မှ ဖျော်ဖြေခြင်း၊ နည်းပညာတက္ကသိုလ်(ဟင်္သာတ)၏ အနုပညာအသင်းမှ Cheerleader အကဖြင့် ကပြဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် CIVIL လက်ရွေးစင်အသင်းနှင့် EP လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး နေဝင်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)မှ တာဝန်ခံဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းလင်းနိုင်၊ အစိုးရနည်းပညာအထက် တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦး၊ နည်းပညာတက္ကသိုလ်(ဟင်္သာတ)၏ ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းသားများ ၊အားကစားဝါသနာရှင်များ (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲအား ၁.၉.၂၀၂၅ ရက်နေ့မှ ၇.၉.၂၀၂၅ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၄)သင်း ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment