ပစ္စိဖိတ်သမုဒ္ဒရာထဲမှာ ၁၁ လုံးမြောက်မုန်တိုင်း ကီကို ဖွဲ့နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပစ္စိဖိတ်သမုဒ္ဒရာထဲမှာ ၁၁ လုံးမြောက်မုန်တိုင်း ကီကို ဖွဲ့နေပြီ


စက်တင်ဘာ - ၁ ( တနင်္လာနေ့ ) 

တနင်္ဂနွေနေ့က ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး အပူပိုင်းမုန်တိုင်းအသစ် ကီကို က ပစိဖိတ်အရှေ့မြောက်ဒေသတွင် ဒီနှစ်အတွင်းမှာ ၁၁ လုံးမြောက်မုန်တိုင်းအဖြစ် စတင်ဖွဲ့ပြီး တိုက်ခတ်နေပါပြီ လို့သိရပါတယ်။ 

အပူပိုင်းမုန်တိုင်း ကီကို က တနင်္ဂနွေနေ့အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြီး ညနေ ၅ နာရီအထိ အမြင့်ဆုံး လေတိုက်နှုန်း မှာ တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်ခဲ့ပါတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာရဲ့ နောက်ဆုံးရ သတင်းတစ်ရပ်အရ သိရပါတယ်။ 

၎င်းက မက္ကဆီကိုနိုင်ငံ ဘဂျာ၊ ကယ်လီဖိုးနီးယား တောင်ဘက်စွန်း၏ အနောက်-အနောက်တောင်ဘက် မိုင် ၁၁၂၀ ခန့်တွင် တည်ရှိပြီး အနောက်ဘက်သို့ တစ်နာရီ ၉ မိုင်နှုန်းဖြင့် ရွေ့လျားနေပါတယ်။ လာမည့်ရက် အနည်းငယ် အတွင်း ကီကို က ဆက်တိုက်အားကောင်းလာမယ်လို့ ခန့်မှန်းရပါတယ်။ လေးရက်မှငါးရက်အတွင်း အလယ်ပိုင်း ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ 


Ref: upi

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)