ရွှေသောင်ယံ၌ စက်တင်ဘာလဆန်းပိုင်းမှစ၍ မျှင်ဖမ်းစက်လှေသမားများ စတင်အလုပ်ဖြစ်လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေသောင်ယံ၌ စက်တင်ဘာလဆန်းပိုင်းမှစ၍ မျှင်ဖမ်းစက်လှေသမားများ စတင်အလုပ်ဖြစ်လာ




ရွှေသောင်ယံ ၊ စက်တင်ဘာ ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့ကမ်းခြေတွင် ယခုစက်တင်ဘာလဆန်းပိုင်းမှစတင်၍ မျှင်အုပ်များစတင်တွေ့ရှိလာသည့်အတွက် မျှင်ဖမ်းစက်လှေများဖြင့် လိုက်လံ၍ မျှင်ရှာဖွေကြသူများလည်းရှိလာကြကြောင်း သိရသည်။

ရာသီဥတုကြည်လင်သောရက်များ၌ ကမ်းခြေတွင်မျှင်ရှာ​​ဖွေကြသည့် စက်လှေများကို တွေ့ရပြီး အဆိုပါစက်လှေများပေါ်မှ မျှင်အုပ်များကိုတွေ့ရှိပါက ကွန်ဖြင့်ပြစ်ခြင်း၊ ရေတိမ်တွင်ဂွပိုက်ဖြင့် ထိုးခြင်း၊ ရေနက်ပိုင်းတွင်တွေ့ရှိပါက ကျော့ပိုက်ဖြင့် ကျော့ယူခြင်းတို့ ပြုလုပ်ပြီး ရရှိလာသော မျှင်ကောင်များကို နေလှမ်းကာကြိတ်စက်ဖြင့်ကြိတ်၍ ငပိပြုလုပ်ကြသည်။

အဆိုပါ မျှင်ငပိစစ်စစ်များမှာ ယခုလိုပေါ်ဦးပေါ်ဖျားရာသီ၌ တစ်ပိဿာလျှင် (၂၈၀၀၀) ခန့်​ကမ်းခြေတွင် စျေးရရှိနေကြောင်း အဆိုပါမျှင်ငပိ စျေးသည်ယခုလိုပေါ်ဦးပေါ်ဖျားရာသီ၌ဖြစ်ပြီး နောင်မျှင်ငပိများ လှိုင်လှိုင်ပေါ်ချိန်တွင်စျေးကျလေ့ရှိ​ကြောင်း ဒေသခံများထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)