ဘိုကလေးမြို့နယ် သာယာလှပစေရေး အလှပန်းပင်များ စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ် သာယာလှပစေရေး အလှပန်းပင်များ စိုက်ပျိုး




ဘိုကလေး ၊  စက်တင်ဘာ ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အား သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စဉ်ဆက်မပြတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ဘိုကလေးမြို့နယ်သာယာလှပစေရေးအတွက် အလှပန်းပင်များ စိုက်ပျိုးခဲ့ကြသည်။


အလှပန်းပင်များ စိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်ညွန့် ဦးဆောင်၍ ဘိုကလေးမြို့အဝင် ဆိုင်းဘုတ်အနီး၊ ဖျာပုံ-ဘိုကလေး ကားလမ်းမဘေး ဝဲ၊ ယာ၌ နာနတ်မွှားပင်၊ စိန်တံချုပန်းပင်များအား မြေချစိုက်ပျိုး၍ အောင်ဩဘာ(၁၈)လမ်းနှင့် ဘိုကလေး-စက်ဆန်းကားလမ်းထောင့်ရှိ မြေယာရှုခြင်းတွင် နိုင်ငံခြားစက္ကူပင်၊ ဂျာဗားပုဏ္ဏရိပ်ပုပင်၊ မယ်ညိုပင်၊ ဘဲစားမြက်ပင်တို့အား လှပသာယာရေးအတွက် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)